Wednesday, September 23, 2015

ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာေ ပးလက်ကမ်းစာစောင်းများဖြန့်ဝေ


တောင်တွင်းကြီး            စက်တင်ဘာ                ၂၁
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှယာဉ်ထိမ်းရဲတပ်ကြပ်ကြီးရဲဝင်းနှင့်ယာဉ်ကြီးကြပ်မှုကော်မတီအဖွဲ့များ
အရံမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ခရီးသွားပြည်သူများယာဉ်အန္တရာယ်ကင်း
ရှင်းစွာသွားလာနိုင်ရေးစက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းကစ၍ဆိုင်ကယ်
(၂၀၀)စီးlကား(၃၀)စီးlသုံးဘီး(၅၀)စီးlထော်လာဂျီ (၂၀)စီးစုစုပေါင်း(၃၀၀)စီး
တိုအား၂၀၁၅-ခုနှစ်စက်တင်ဘာ ၁၀ ရက် ၁၁ ရက်တို့တွင်မြန်မာအလင်း
သတင်းစားပါမော်တော်ယာဉ်ဥပဒေအတိုင်းလိုက်နာဆောင်ရွက်နိုင်ရေးနှင့်
စည်းကမ်းချက်များချိုးဖောက်ပါကသုံးသောင်းကျပ်မှတစ်သိန်းကျပ်အထိမြို့
နယ်တရားရုံးသို့ကျသင့်ဒဏ်ကြေးငွေများပေးဆောင်သွားရမည်ဖြစ်ကြောင်း
ဆိုင်ကယ်မောင်းသူများသိရှိရန်အချက် ၁၃ ချက်lသုံးဘီးမောင်းသူများသိရှိရန်
အချက် ၁၁ ချက်ကား/ထော်လာဂျီမောင်းသူများသိရှိရန်အချက် ၂၆ ချက်ပါ
ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်ကမ်းစားစောင်များအား
ဖြန့်ဝေခဲ့ကြောင်းသိရသည်။ နိုင်ဝင်း

0 comments:

Post a Comment