Wednesday, September 23, 2015

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာသိကောင်းစရာများ ဟောပြော


ဆိပ်ဖြူ    စက်တင်ဘာ   ၂၂
      မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ် တပေါင်းကျေးရွာအခြေခံပညာအလယ်တန်း ကျောင်းခွဲ ၌ (၂၂-၉-၂၀၁၅)ရက်နေ့ နေ့လည်(၁) နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲပြု လုပ်သည်။
      ဟောပြောပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သဘာဝဘေးအန္တရာယ် အကြောင်း သိကောင်းစရာများဟောပြောခြင်း ပခုက္ကူ ခရိုင် ကုန်သွယ်မှုမြှင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်ထွန်းက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများ နှင့် ဒုတိယဦးစီးမှူးဦးဇော်နေလင်းကစားသုံးရန်မသင့် သည့်အစားအစာများအကြောင်းသိကောင်းစရာများ အသီးသီးဟောပြောကြကြောင်းသိရှိရသည်။
ပေးပို့သူ - ကိုမျိုး (ယောဧရာ)

0 comments:

Post a Comment