Wednesday, September 9, 2015

တရားမ၀င်သစ်များပိုင်ရှင်မဲ့ ဖမ်းဆီိးရမိ




ငဖဲ     စက်တင်ဘာ    
          ငဖဲမြို့နယ် တောင်ပေါ်ဒေသ ပဘဲကျေးရွာအုပ်စု တုံးကြီးကျေးရွာအနောက်တောင်ဘက်  ၄ မိုင်ခန့်အကွာမန်းကြိုးပြင်တောသို့ စက်တင်ဘာ ၇ ရက်ညနေ ၆ နာရီအချိန်ခန့်တွင် မြို့နယ် သစ်တောဦးစီးမှူးဦးမင်းအောင်ကျော်ဦး၊တောအုပ်လင်းအောင်နှင့်အဖွဲ့သည် သတင်းအရ ရှောင်တ ခင်သွားရောက်ရှာဖွေခဲ့ရာ ကံ့ကော်ခွဲသား(၂.၀၀၇၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။
          အဆိုပါ ဖမ်းဆိးရမိသော သစ်ခွဲသားပိုင်ရှင်အား ပဘဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့ များနှင့်နယ်မြေခံရဲတပ်ဖွဲ့၊ဘိနယ်တာဝန်ခံသစ်တောဌာနရှိ တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ အရေး ယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ပိုင်ရှင်မဲ့ဖမ်းဆီးရမိသစ်များအား တောင်ပေါ်ဘိနယ် ပျဉ်းဝစခန်းသို့ သယ်ယူသိမ်းဆည်းထားကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment