Sunday, September 13, 2015

မကွေးမြို့ပေါ်တွင် ဆိုင်ကယ်စီးလျှက် ဓါးကိုင်ရမ်းကားနေသူကို လက်နက်မှုဖြင့် အရေးယူ



မကွေး     စက်တင်ဘာ      ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် စက်တင်ဘာ ၁၃ ရက်နေ့ နံနက်(၀၀း၃၀)နာရီ အချိန်ခန့်တွင် သက်သေများနှင့်အတူ လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် မကွေးမြို့၊ မြင်သာရပ်ကွက်၊ သစ္စာလမ်းနှင့် နတ်မောက် လမ်းထောင့်တွင် ဆိုင်ကယ် စီးလျှက် ဓါးကိုင်ရမ်းကားနေကြောင်း သတင်းအရ လိုက်လံဖမ်းဆီးရာ ၎င်းဆိုင်ကယ်အား ရန်မျိုးအောင်ရပ်ကွက် (၁၀)လမ်းအရောက်တွင် တွေ့ရှိစစ်ဆေးရာ ဓါးကိုင် ရမ်းကားသူမှာ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာနေသူ ဇင်မင်းသွင် (၁၉)နှစ် ဖြစ်ကြောင်း သိရပြီး ၄င်း၏ဆိုင်ကယ် တူးဘောက်အတွင်းမှ အရိုး(၃)လက္မ၊ အသွား(၆)လက္မ၊ ဗျက်(၁)လက္မခန့်ရှိ (သစ်သား ဓါးအိမ်စွပ်) ဓါးမြှောင် (၁)ချောင်းအား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ခွင့်ပြုချက်မရှိဘဲ ဓါးကိုင်ရမ်းကားသူ ဇင်မင်းသွင်အား မကွေးမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment