Sunday, September 13, 2015

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ




စေတုတ္တရာ     စက်တင်ဘာ      ၁၃
          ၂၀၁၅-ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်နေ့ တွင်ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စေတုတ္တရာမြို့နယ် အ.ထ.ကကျောင်းခန်းမတွင် ယင်းနေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ဒု-မြို့နယ် ရဲတပ်ဖွဲ့မှူး ၀င်းနိုင်မှ လူကုန်ကူးမှုပပျောက်ရေးနှင့်ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဂင့်ထွန်းပေါင်မှ လူကုန်ကူးမှုနှင့် ပတ်သက်၍ သိမှတ်စရာများအား ရှင်းလင်းပြောကြားပြီး၊မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ပိုစတာ၊ ကဗျာ၊စာစီ စာကုံး ပြိုင်ပွဲများတွင်ဆုရရှိကြသော ကျောင်းသား/ကျောင်းသူ ခရိုင်အဆင့်ဆုရရှိသူ(၈)ဦး၊ မြို့နယ်အဆင့် ဆုရရှိသူ(၃၂)ဦးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
          အဆိုပါအခမ်းအနားသို့ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များ၊ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဇင်မင်း(စေတုတ္တရာ)

0 comments:

Post a Comment