Saturday, September 12, 2015

မုန်းချောင်းအနီး ငှက်ပျောခြံများ ရေစိမ်နာ၍ ပျက်စီး




ပွင့်ဖြူ          စက်တင်ဘာ      ၁၀
            မုန်းချောင်းရေကြီးမှုများကြောင့် ပွင့်ဖြူမြို့နယ် မုန်းချောင်းဝန်းကျင်ရှိ ငှက်ပျောစိုက်ခင်းများစွာ ရေစိမ်နာ၍ ခေါင်းပုတ်ရောဂါနှင့် အူချောင်ပိုးများဝင်ရောက်ကာ ပျက်စီးခဲ့သည်။
            ပွင့်ဖြူမြို့နယ်မှ ငှက်ပျောမျိုးများဖြစ်သော ဖီးကြမ်း၊ရခိုင်၊အချဉ်ငှက်ပျောမျိုးများကို အဓိကစိုက်ပျိုးကြပြီး၊ သီးမွှေး၊၀က်မလွှတ်၊ဂရင်း နှင့် ရွှေနီ ငှက်ပျောမျိုးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မင်းဘူး၊မကွေး၊စလင်း မြို့များမှတဆင့် ရန်ကုန်၊မန္တလေးမြို့ကြီးများအထိ တင်ပို့ ရောင်းချနေလျက်ရှိရာ မုန်းချောင်းရေ ၀င်ရောက်သောကြောင့် ငှက်ပျောခြံများ ပိုးကျ ပျက်စီးဆုံးရှုံးခဲ့ရသည်။
            ဒေးဒရဲကျေးရွာ  ငှက်ပျောစိုက်တောင်သူတစ်ဦးမှ  ငှက်ပျောပင်က ရေစိမ်နာရင် ရောဂါဝင် သေတာပဲ၊အခုရေကြီးတာက ရေတက်မြန်ပြီး ကျတာနှေးတော့ ရေစိမ်တာကြာတာပေါ့၊အချဉ်ငှက်ပျောမျိုး တစ်ပင်ကို (၁၀၀၀ိ/-)ကျပ်ပေးဝယ်ရတယ်၊တစ်ဧကကို မျိုးပင်(၆၀၀)မှ (၈၀၀)ထိ စိုက်ကြတယ်၊ဆုံးရှုံးတာ အရင်းအနှီးများတော့ ပြန်စိုက်ဖို့ မလွယ်ကူဘူး၊ အရင်းအနှီးလိုအပ်နေတာရယ်၊ မျိုးပင်ဝယ်မရတာကြောင့် ပြန်စိုက်ဖို့ အခက်အခဲတွေ့နေရတယ် ဟုပြောသည်။
            ဒေသထွက်ကုန်သီးနှံတစ်ခုဖြစ်သည့် ငှက်ပျောထွက်နှုန်းကျဆင်းနေသဖြင့် အချဉ်ငှက်ပျောဖီး တစ်ဖီး (ယခင်) ၁၀၀၀ိ/- ကျပ်မှ (၂၀၀၀ိ/-)ကျပ်၊ဖီးကြမ်းငှက်ပျောတစ်ဖီး (၅၀၀ိ/-)ကျပ်မှ(၈၀၀)ကျပ်၊ ရခိုင်ငှက်ပျော တစ်ဖီး(၃၅၀ိ/-)ကျပ်မှ (၅၀၀ိ/-)ကျပ်ထိ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment