မကွေး စက်တင်ဘာ
၁၄
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့်
အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားအားလုံး မဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
ကြီးကြပ်ပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်များက
အသေးစိတ်စာရင်းပြုစုထား သည့် တိုင်းရင်းသားပြည်သူအားလုံး၏ မဲစာရင်းများကို ယနေ့နံနက်ပိုင်းက
စတင်ပြီး ရပ်ကွက်/ကျေးရွာ များတွင် ကြေငြာထားရှိပါသည်။
အဆိုပါ မဲစာရင်းများတွင် ပါဝင်သူများသာ မဲပေးပိုင်ခွင့်ရှိသဖြင့်
ပြည်သူများအနေဖြင့် မိမိတို့၏ အချက်အလက်များ မှန်ကန်မှုရှိ/မရှိကို မကွေးမြို့ ဈေးလယ်စိုးရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးတွင် စိတ်ပါဝင်စားစွာ ကိုယ်တိုင်လာရောက်ကြည့်ရှုလျက်ရှိကြောင်းတွေ့ရှိရပါသည်။
မဲစာရင်းများသာမက ရွေးကောက်ပွဲတွင်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီနှင့် ကိုယ်စားလှယ်လောင်းများစာရင်းပါကြေငြာထားရှိပါသည်။
မဲစာရင်းတွင် ပါဝင်သည့် အချက်အလက်များမပါရှိခြင်း၊
မှားယွင်းခြင်း၊ ကန့်ကွက်ရန်ခြင်းများရှိနေပါက ချက်ချင်းစာရင်းကောက်ယူပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်သို့
၂၇.၉.၂၀၁၅ရက်နေ့ထိ ပေးပို့လျှောက်ထားနိုင်ကြောင်းနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်က
မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမကွေးမြို့နယ်၊ ဈေးလယ်စိုး ရပ်ကွက် အုပ်ချုပ်ရေး မှူးက ပြောကြားပါသည်။
ညီညီမောင်(မကွေး)
0 comments:
Post a Comment