မကွေး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊
ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည် (၂)နာရီက မိုင်းအခြေခံသဘောတရားနှင့် မိုင်းအန္တရာယ်
ကာကွယ်ရေး ပစ္စည်းများ ကိုင်တွယ် အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲ
အခမ်းအနားကျင်းပရာ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး
သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဦးစီး(ပ)(ဦး/ရေး/ထောက်)
ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်၊
ရဲမှူး သက်လွင်(ရဲမှူးဦးစီး)၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး
တင်မျိုးအောင်၊ မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ဆန်းမိုး၊ ဒုရဲမှူးနီဝင်း
(ဒုရဲမှူး-ဦးစီး)၊ မှုခင်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ချစ်မောင်၊ အမှတ်(၂)လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ဒုရဲမှူး လှဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ
အရာရှိများ၊သင်တန်းနည်းပြအရာရှိများနှင့် သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ပြီး အမှတ်(၉၁၀) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ
တပ်မတော်သားနည်းပြများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment