Saturday, September 12, 2015

ကွန်ပျူတာပညာဒါနသင်တန်းဖွင့်လှစ်




ချောက်        စက်တင်ဘာ  ၉    ရက်
       မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စလေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကြီးမှူး၍ W.Com ရွှေဘိုမြို့မှ ဦးသန်းထိုက်ကျော်ဦးဆောင်ကာ ကွန်ပျူတာပညာဒါနသင်တန်းကို စက်တင်ဘာလ(၆)ရက်နေ့ က စလေပြည်တော်သာ စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရှိရသည်။
       ကွန်ပျူတာပညာဒါန သင်တန်းကို သင်တန်းသား(၃၅)ဦးတက်ရောက်၍ W.Comရွှေဘိုမှ ဆရာဦးသန်းထိုက်ကျော်
ဦးဆောင်၍ သင်တန်းမှူးဦးအောင်နိုင်လင်း၊ နည်းပြဦးနေလင်းအောင် နှင့်ဦးအောင်မျိုးသူ
တို့မှ Excel(စာရင်းဇယားဖန်တီးခြင်း)၊ Power Point(တင်ပြချက်များဖန်တီးခြင်း)၊ Page Maker(ရုံးစာ၊ ဖိတ်စာ၊သတင်းစာ၊
ကြော်ငြာ၊စာစောင်၊ဂျာနယ်၊မဂ္ဂဇင်းများ
ပုံနှိပ်ခြင်း) စသည့် ပညာရပ်များကိုသင်ကြား
ပြသ၍ တနင်္လလာနေ့မှ သောကြာနေ့အထိ နံနက်(၇:၀၀)နာရီမှ ည(၉:၀၀)နာရီအတွင်း သင်တန်းသားတစ်ဦလျှင် မိမိကြိုက် နှစ်သက်သော အချိန်တွင်ရွေးချယ်တက် ရောက်နိုင်ပြီး သင်တန်းကာလ(၂)လကြာ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ကြောင်း၊
သင်တန်းကြေး သင်တန်းသုံးစာရွက်စာတမ်း ကြေး၊လျှပ်စစ်မီတာခ၊သင်တန်းဆင်းလက်
မှတ်ကြေးနှင့် သင်တန်း(၂)လစာအတွက် (၁၄၀၀၀)ပေးသွင်းပြီး သင်တန်းသားတစ်ဦး ကိုကွန်ပျူတာ (၁)လုံးဖြင့်မတတ်မချင်း အတတ်သင်ပေးပြီး၊ ဘွဲ့ရပြီးသူ၊ သင်တန်း
အပြီးတိုင်သင်ကြား၍ ထူးချွန်သူများအား ရွေးချယ်၍ အလုပ်ခန့်ထားပေးမည်ဖြစ် ကြောင်းသိရှိရသည်။
            အဆိုပါသင်တန်းဖွင့်ပေးရခြင်းမှာ နိုင်ငံ့ဝန်ထမ်းအားလုံး နည်းပညာဆိုင်ရာများ
သင်ယူတတ်မြောက်စေရေး၊ ကျေးလက်ဒေသအထိ နည်းပညာရပ်ဆိုင် ရာဘာသာရပ်များကို ပို့ချသင်ကြားပေးနိုင် ရေးနှင့် ပညာတတ်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင် ရေးအတွက် နယ်လှည့်၍ ကွန်ပျူတာပညာ ဒါန ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခင်က ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးများတွင်သင်တန်းသား(၇၀၀၀)ကျော်ဖွင့်လှစ်သင်ကြားပေးခဲ့    ပြီးဖြစ်ကြောင်း၊ယခုမကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေကျေးရွာတွင် သင်တန်းသား(၃၅)ဦးဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြာင်း။ ခရိုင်၊ တိုင်းဒသကြီးနှင့် ပြည်နယ်များသို့လှည့်လည်၍ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သင်တန်းမှတာဝန်ရှိ သူဦးအောင်မျိုးသူပြောကြားချက်အရ သိရသည်။
                                  မချို(ချောက်)

0 comments:

Post a Comment