မကွေး စက်တင်ဘာ ၂၈
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၁)နှစ်မြောက်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၈နာရီခွဲ က မကွေးတိုင်းဒေသကြီး
ပြည်သူ့ဆေးရုံတွင် အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူးဦးစီး ရဲတပ်ဖွဲ့ဝင်(၆၃)ဦးတို့က
စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးညီညီလင်း
နှင့်ရဲအရာရှိများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းရာသို့ အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ
မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များမှ သွေးလှူဒါန်းသူတပ်ဖွဲ့ဝင်များအား
အာဟာရအဖြစ် နွားနို့၊ကြက်ဥ၊ဌက်ပြောသီးနှင့်စားသောက်ဖွယ်ရာများ
ကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment