Sunday, September 13, 2015

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ



ဆိပ်ဖြူ      စက်တင်ဘာ    ၁၃

      မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့ အခြေခံပညာအထက်တန်း ကျောင်း (နဝရတ်)ခန်းမ၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို (၁၃-၉-၂၀၁၅)ရက်နေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

      အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အမှာစ ကားပြောကြားခြင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြင့်ဝင်းက မြန်မာ နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများရှင်းလင်း

ပြောကြားခြင်း ယင်းနောက် မြို့နယ်လုံးအဆင့်တွင် အထက်တန်း အလယ်တန်း မူလတန်း အဆင့်လိုက် လူကုန်ကူးမှုတိုက်ဖျက်ရေး နှင့် ပတ်သက်သည့် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုမျိုး (ယောဧရာ)

0 comments:

Post a Comment