Thursday, September 3, 2015

ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့ရွာများခေတ်မီ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်ပေး



ထီးလင်း စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်သည် ယခင်ကလမ်းးပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးမှုနောက်ကျခဲ့သည်။ ယခုအခါ နိုင်ငံတော်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ ကျေးလက်ဒေသများကို အထူး အလေးပေးဆောင်ရွက်လျှက်ရှိသည်။ ထီးလင်းတစ်မြို့နယ်လုံးတွင် ၅၁၅ စတုရန်းမိုင်ကျယ်ဝန်းပြီး မြို့အကျယ် မှာ ၀ ဒသမ ၇၀၆ စတုရန်းမိုင်သာ ကျယ်ဝန်းသည်။ မြို့ရွာများအမြန်ဖွံ့ဖြိုးတိုးတက်စေရမည်ဟူသော ဆောင်ပုဒ် နှင့်အညီ မြို့ပြနှင့်ကျေးလက် စည်ပင်သာယာရေးလုပ်ငန်းများကို အချိုးညီတိုးတက်စေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျှက်ရှိသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လမ်းတံတား၊ ရေပေးရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများ ဆောင် ရွက်ပေးလျှက်ရှိရာ မြို့ပေါ်လမ်းတံတား ၃ ခုအတွက် ငွေကျပ် ၁၄ ဒသမ ၃ သန်း၊ လမ်းတံတားလုပ်ငန်းအ တွက်ငွေကျပ် ၃ ဒသမ ၅ သန်း၊ ရေပေးရေးအတွက်ငွေကျပ် ၁ ဒသမ ၅ သန်းနှင့် အခြားလုပ်ငန်းအတွက် ငွေကျပ် ၅ ဒသမ ၃၂ သန်း တို့ဖြင့် စုစုပေါင်း ၂၃ ဒသမ ၁၂ သန်းလျှာထားပြီး လုပ်ငန်းများဆောင်ရွက်လျှက် ရှိသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော် မတီ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့နှင့် စည်ပင်သာ ယာဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးလျှက် ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment