This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 28, 2015

သတိထားပါ...ယာမဆိုမထိတာကောင်းတယ်။

Nwe Nwe Oo shared နည်းစနစ်ကျကျအတွေးအခေါ်'s photo. မှ ကူးယူဖော်ပြပါသည်။
5 hrs ·
သတိထားပါ...ယာမဆိုမထိတာကောင်းတယ်။
မနေ့က BBC က ထုတ်လွှင့်တဲ့ လင်းလက်ကြယ်စင်
အစီ အစဉ်မှ ယာမ မူးယစ်ဆေးအကြောင်းကို
လူငယ်တွေသိအောင် ပြန်မျှဝေချင်ပါဗျာ.....
ဒါကိုလည်း အတတ်နိုင်ဆုံး ရှယ်ပေးကြပါ .. အတတ်နိုင်ဆုံး
နားထောင်ပေးကြပါ. လို့တော့ တောင်းဆိုချင်တယ် ....
အစပိုင်းမှာတော့ ပျင်းလို့သုံးကြတယ် ရည်းစားနဲ့အဆင်မပြေလို့
သုံးကြတယ်... စီးပွားရေးကြောင့်သုံးကြတယ် မျိုးစုံပေါ့
ဒါပေမယ့်.. သုံးကြတယ် စွဲကြတယ် ဖြတ်ဖို့အတွက်ကျတော့
အတော်လေး ခက်ခဲသလို.. သူရဲ့ ဘေးထွက်ဆိုးကျိုးကလည်း
တော်တော်လေးများပါတယ်......
အဲဒီဆေးကို စွဲသွားပြီဆိုရင်...
အလိုလိုနေရင်းစိတ်ကျသလိုခံစားရတာတို့ အလိုလိုနေရင်း
ဒေါသဖြစ်နေတာတို့ ယုံကြည်မှုတွေ မရှိတာတို့ စွဲလန်းတဲ့သူတွေကလည်း ကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာက ပိုပြီးခံစားရတယ်
အတော်အခြေ အနေ ဆိုးသွားတဲ့အခါမှာဆို....
ရုတ်တရက် ကိုယ့်သူငယ်ချင်း မိဘ ချစ်သူ ဇနီးမယားတွေကို ထပြီး
အသက်အန္တာရယ် ရန်ရှာတတ်တယ်
ပုံမှန်အခြေ အနေဆိုရင်တော့ သူက လူကောင်းလိုပဲတဲ့ တခါတလေမှာ
ရုတ်တရက်ထပြီးဖြစ်တတ်တယ် နောက်ပြီး ရောဂါ လက္ခဏာကလည်း
မပြတဲ့အတွက် စမ်းသပ်ရတာ ခက်ခဲ သလို လက်ဝယ်ထားရှိသူအတွက်
ထောင် ၁၀ နှစ် ၁၅ နှစ်ချလို့ရသလို... သုံးစွဲတဲ့သူအတွက်
ထောင် အနည်းဆုံး ၅ နှစ်ကျနိုင်ပါတယ်.....
လူငယ်တွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ.. အများစုက ရည်ရွယ်ချက်
မရှိပါဘူး သောက်ဖြစ်ကြတယ် .... ဒါမယ့်ဖြတ်မယ်ဆိုတဲ့အချိန်မှ...
လူက ဖြတ်ချင်ပေမယ့် စိတ်က မရ..... အ လိုလိုနေရင်း ဒေါသတွေထွက်
ကိုယ့် ပတ်ဝန်းကျဉ်မှာ ရှိနေတဲ့လူတွေကိုလည်း စိတ်ထဲမှာ
ယုံကြည်မှုမရှိဖြစ်တတ်ပြီး အသက်အန္တာရယ်ကိုတောင် ရန်ရှာတဲ့
အဆင့်ထိ ရောက်သွားတတ်ပါတယ်......
ဒါကြောင့် လူငယ်များ အနေနဲ့ စမ်းသုံးတာပဲဖြစ်ဖြစ် မလုပ်ဖူးလို့
သိချင်တယ်ဆိုတဲ့ အထာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး လုံးဝ ( လုံးဝ )
မသုံးစွဲဖို့ စမ်းမကြည့်ဖို့ အကြံပေးပါရစေ....
အကယ်၍ စွဲနေသူများ ရှိခဲ့ပါက အတတ်နိုင်ဆုံးဖြတ်ကြပါ...
ဖြတ်တဲ့အခါမှာလည်း ဆေးရနိုင်တဲ့နေရာကို မသွားပါနဲ့....
စိတ်တွေအရမ်းပြင်းပြ လာတဲ့အခါ အစား အစာ စားပြီးနေတာမျိုးတို့
သီချင်းနားထောင် ရုပ်ရှင်ကြည့် ဂိမ်းက စားပြီး အာရုံတခုခုကို
မရရ အောင် လွှဲရင်း.... တဖြည်းဖြည်းနဲ့ ဖြတ်လို့ရနိုင်ပါတယ်......
နောက် တချက် အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အကိုင်းအခက်လေးတွေကို
ခုတ်ဖြတ်မယ့်အစား... သစ်ပင်ကို အမြစ်ကနေ ရှာပြီးတူးပါလို့
အကြံပေးပါရစေ....
Credit to Nay Min
K.K(ကနောင်)

စက်တင်ဘာလ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်

BBC Burmese added 10 new photos. မှ ကူးယူဖော်ပြသည်။
19 hrs ·
စက်တင်ဘာလ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ၏ စစိကိုင်းတိုင်း ခန္တီးမြို့ ၊ ဟုမ္မလင်းမြို့ ၊ ထမံသီမြို့ ရွေးကောက်ပွဲ မဲဆွယ်ပွဲ မြင်ကွင်းများ ။

“’ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပြည်ခိုင်ဖြိုးကအဆင့်သုံးဆင့်ဖြင့်ဆောင်ရွက်ခဲ့ဟု ဦးတင်နိုင်သိန်းဆို”

7Day News Journal added 4 new photos. မှ ကူးယူဖော်ပြသည်။
3 hrs · Edited ·
“’ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပြည်ခိုင်ဖြိုးကအဆင့်သုံးဆင့်ဖြင့်ဆောင်ရွက်ခဲ့ဟု ဦးတင်နိုင်သိန်းဆို”
ပြည်ခိုင်ဖြိုးပါတီအနေနှင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဆင့်သုံး ဆင့်ဖြင့်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ယနေ့နံနက်မဲဆွယ် ဟောပြောမှုတွင် ပြောကြားခဲ့သည်။
ယနေ့(စက်တင်ဘာ၂၈) ရက် နံနက်က နေပြည်တော်၊ ဇေယျသီရိမြို့နယ် ပြည့်စံအောင်ရပ်ကွက်တွင် ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲနှင့် မဲဆွယ်စည်းရုံးဟောပြောပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးအနေနှင့် ဒီမိုကရေဒီအသွင်ကူးပြောင်းရေးကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ကာအဆင့်နှစ်ဆင့်ဆောင်ရွက်ပြီးဖြစ်ပြီး နောက်ထပ်ကျန်ရှိသည့် တစ်ဆင့်အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ဦးတင်နိုင်သိန်းကကတိပြုခဲ့သည်။
ဓာတ်ပုံ - နန်းအောင်

အင်န်အယ်လ်ဒီအား မဲမပေးရန် သွယ်ဝိုက်၍ တိုက်တွန်းနှိုးဆော်သူနှစ်ဦးအား တိုင်တန်းမှုဖြစ်ပွား

အင်န်အယ်လ်ဒီအား မဲမပေးရန် သွယ်ဝိုက်၍ တိုက်တွန်းနှိုးဆော်သူနှစ်ဦးအား တိုင်တန်းမှုဖြစ်ပွား
************************************************************
မကွေးမီဒီယာ ၊ မကွေး၊ စက်တင်ဘာ ၂၅
မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အား မဲ မ ပေးရန် သွယ်ဝိုက်၍ တိုက်တွန်းနှိုး ဆော်သူ အမျိုးသားနှစ်ဦးအား စက် တင်ဘာ ၂၄ ရက်က တိုင်ကြားခဲ့ သောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ)ဖြင့် အမှုဖွင့်ထား ကြောင်း ကန်နယ်မြေရဲစခန်းမှ သိ ရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ ရက် နံနက်ခုနစ်နာရီခန့်က ဂန့် ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ ရှိ ''မြမင်္ဂလာ''ဘုန်းတော်ကြီးကျောင်း ၌ ဥပုသ်သီလစောင့်ရန် ရောက်ရှိ နေကြသော ရွာသူရွာသားများအား ဦးအေးဖေ အသက်(၆၈)နှစ်၊ မြောက် ခင်ရန်းရွာနေသူနှင့် တစ်ရွာတည်း နေ ဦးသန်းဖေ အသက်(၆၅)နှစ် တို့နှစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ၄င်းပါတီ နှစ်ရပ်လုံးအား ထောက် ခံမှု မပြုလုပ်ကြရန် ''အမျိုးဘာသာ သာသနာချစ်သူ ရဟန်းရှင်လူ ပြည် သူများသို့''ဟု ခေါင်းစဉ်တပ်ထား သည့် စာစောင်များ ဖြန့်ဝေနေကြောင်း မြောက်ခင်ကျေးရွာနေ ဒေါ်ညွန့်စိန်၊ ဦးမြတင်၊ ဦးဝင်းအောင်၊ ဦးရဲဘတို့ လေးဦးမှ ဦးမြင့်ဇော် အသက်(၄၉) နှစ် (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ခရိုင်ဥက္ကဋ္ဌ)၊ ကန်ကျေးရွာ ဂန့်ဂေါမြို့နယ်နေသူ နှင့် NLD ပါတီဝင်များဖြစ်သည့် မြောက်ခင်ရန်းကျေးရွာနေ ဦးတင် အောင်လွင်၊ ဦးဝင်းကြိုင်၊ ဦးဇော်မိုး နိုင်၊ ဦးစံကျော်တို့လေးဦးထံသို့ အ ဆိုပါ ဖြန့်ဝေစာစောင်များအား လာ ရောက်ပြောဆို ပေးအပ်ခဲ့သဖြင့် NLD အား မဲမပေးရန် သွယ်ဝိုက် ၍ တိုက်တွန်းနှိုးဆော်သည့် ဦးသန်း ဖေနှင့် ဦးအေးဖေတို့ နှစ်ဦးအား အ ရေးယူပေးပါရန် ဦးမြင့်ဇော်မှ တိုင် ကြားခဲ့သောကြောင့် ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းမှ (ပ)၆၉/၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ)ဖြင့် အမှုဖွင့်ထားသည်။
‪#‎YangonMediaGroup‬ ‪#‎FlowerNewsJournal‬

နေပြည်တော်ပျဉ်းမနား ဒုတိယနေ့အောင်ပွဲ စတင်ပြီ

Chan Gin added 8 new photos — with Ko Than Soe Aung and 9 others.မှ ကူးယူဖော်ပြသည်။
နေပြည်တော်ပျဉ်းမနား ဒုတိယနေ့အောင်ပွဲ
စတင်ပြီ

ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြတဲ့ ဦတင်နိုင်သိန်း၊ ဦးလှဌေးဝင်းတို့ ဦးဆောင်ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီ နေပြည်တော်ကိုယ်စားလှယ်လောင်းများ

Thant Sin shared Thiha Thwe's photo. မှကူးယူဖော်ပြသည်။
25 mins ·
ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြတဲ့ ဦတင်နိုင်သိန်း၊ ဦးလှဌေးဝင်းတို့ ဦးဆောင်ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီ နေပြည်တော်ကိုယ်စားလှယ်လောင်းများ ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစည်းရုံး ရေး ပွဲအတွေ့အကြုံလေး ဝေမျှချင်ပါတယ် ။ အရင်ဆုံး ကြံ့ခိုင်ရေးပါတီ ဗဟို အတွင်းရေးမှုး ဦးတင်နိုငိသိန်း ရဲ့ ဟောပြောဆွေနွေးချက်မှာပါဝင်တဲ့ နိုင်ငံရေး အရ အရေးကြီးတဲ့ message လေး၂ ခု အကြောင်း အရင်ပြောချင်ပါတယ်။ ပထမ တချက်က အခြားပါတီ တွေ အနေနဲ့ ပြောင်းလဲချိန်တန်ပြီ လို့ ဝေဖန်နေကြမယ့် အစား ပြောင်းလဲချိန်တန်ပြီ လို့ အရင် ဆုံးဖြတ်ပြီး အပြောင်းအလဲ တွေလုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီ နဲ့ လက်တွဲဆောင်ရွက်ကြဖို့ ဒီနေရာ ကနေဖိတ်ခေါ်ကြောင်း ၊ ဒုတိယ တစ်ချက် က ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့ လိုအပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတွေကို လုပ်ဆောင်မယ် .. ဆိုတဲ့ အချက်တွေပါပဲ ။ ဟောပြောဆွေးနွေးခြင်းကို ဦးတင်နိုင်သိန်း တယောက် ကသာ ဆောင်ရွက်ခဲ့ပြီးကျန် ကိုယ်စားလှယ်များ က မိတ်ဆက်စကားအနည်းငယ် သာပြောဆိုခဲ့ကြပါတယ်။ ကိုယ်စားလှယ်လောင်း တွေထဲမှာ လူသိများသူတွေ ကတော့ ဗိုလ်ချုပ်မောင်ဦး (ယခင်ပြည်ထဲရေး ဝန်ကြီးဟောင်း) ၊ ဗိုလ်မှုးချုပ်ဇင်ယော်၊ ဗိုလ်ချုပ်ကြီးလှဌေးဝင်း ၊ ဗိုလ်ချုပ်ဝေလွင် တို့ပါဝင်ကြပါတယ်။ တက်ရောက် လာတဲ့ လူဦးရေကတော့ တစ်ထောင်ကျော် လောက် ရှိမယ်လို့မှန်းပါတယ် ။ ထူးခြားတာကတော့ ပြိုင်ဖက်ပါတီ ကို အပြင်းအထန်ဝေဖန်ပုတ်ခတ် တဲ့ ပြောဆိုသုံးနှုံးမှုများ မပါဝင်ပဲ အမျိုးဘာသာသာ သနာ ကိုလည်း အားထားထည့်သွင်း သုံးစွဲသွားခြင်း မရှိတာပါပဲ။
သို့သော် ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး ဆိုင်ရာ အယူဝါဒရေးရာ နိုင်ငံရေး မျှော်မှန်းဆောင်ရွက်ချက် တွေ နဲ့ ပတ်သပ်ပြီး ပြောတဲ့ အခါမှာတော့ ပြည်သူတွေ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် နေနိုင်ရေး နဲ့ စီးပွါးရေးကောင်းမွန်ရေး ဆိုတဲ့ အချက် ၂ ချက် ကိုသာ အခြေခံပြီးပြောကြားခဲ့တဲ့ အတွက် ကြံ့ခိုင်ရေးပါတီ ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ဘုန်းတော်ကြီးတွေ ဘိုးတော်တွေပေးတဲ့ ဆုလဘ်လာဘလောက်ပဲ ရှိသလိုဖြစ်နေပါတယ်။ လက်ရှိကြံ့ခိုင်ရေးပါတီ က ဖွဲ့စည်းထားတဲ့ အစိုးရ က ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ကြောင့် အခုအခါ ရွာတွေမှာ မော်တော်ဆိုင်ကယ် တွေများလာကြောင်း၊ လက်ကိုင်ဖုန်းတွေလည်း လူတိုင်းလို ကိုင်ဆောင် အသုံးပြုနိုင်ကြတာဟာ ဒီမိုကရေစီ အဖူးအညွန့် တွေဖြစ်ကြောင်း ပြောတော့ တက်ရောက်လာ တဲ့ ပရိတ်သတ်တောင် ထ ရီကြပါ တယ်။ ကြံ့ခိုင်ရေး လက်ရှိ အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ စိုက်ပျိုးရေး ဝန်ထမ်းဟောင်း ဦးမှတ်ကြီး က လယ်ယာမြေ ပြဿနာတွေဖြေရှင်းပေးမယ်ဆိုတဲ့ ပြောကြားချက် ကိုတော့ တက်ရောက်သူတွေ သဘောတွေ့ ကြတာတွေ့ ရပါတယ် ။ တက်ရောက်လာတဲ့ လူတွေထဲမှာ ဗိုလ်ချုပ်ဝေလွင်ကို အများစုက သဘောကျတာတွေ့ရပါတယ် ။ တိုတိုရှင်းရှင်းပြော တဲ့ ဗိုလ်ချုပ်မောင်ဦး က လက်ခုပ်သံအများဆုံးရရှိ ပါတယ်။ ပရိတ်သတ် နဲ့ အတူမြေကြီးပေါ်မှာ ကိုယ်စားလှယ်အားလုံး ထိုင်ကြတာဖြစ်ပြီး ထိုင်ခါစ မှာ ဗိုလ်ချုပ်မောင်ဦးက ဖိနပ် ဖင်ခုထိုင်မလိုလုပ်ရင်း ဖိနပ်ပျောက်မှာစိုးကြောင်း ဒါမျိုးရိုးနေပြီလို့ အရွှန်းဖေါက် ပါတယ်။ ပရိတ်တွေထဲမှာ လက်ခုပ်လိုက်မတီးတဲ့သူတွေအများအပြားရှိတာ သတိထားမိပါတယ်။ အဆိုးဆုံးကတော့ ကိုယ်စားလှယ်တွေ မိတ်ဆက်စကားပြောအပြီး ပရိတ်သက် တရောက်က ပြန်လည်ဆွေးနွေးတဲ့ အစီအစဉ်ကျင်းပနေစဉ်မှာ လူတွေ အများအပြား ထပြန်ကုန်ကြလို့ စည်းကမ်းတကျ အခမ်းးအနား ပြီးသည်အထိ နေကြဖို့တားယူရပါတယ် ။ နေအရမ်း ပူနေတာကြောင့် လူအတော်များများ ပွဲစကတည်း က ဖင်တကြွကြွဖြစ်နေတာပါ။ ကျွန်တော့ အမြင်ပြော ရရင်တော့ ဦးရွှေမန်းတို့ ဦးဇော်မြင့်ဖေတို့ လို ပြောတက်ဆိုတက် ပုဂ္ဂိုလ်တွေကို ရုတ်တရက် ဖယ်ရှား လိုက်တာကြောင့် ကြံ့ခိုင်ရေး မှာ အထောင်ကစားသမား မရှိသလိုဖြစ်သွားတာ ဟာ လူထုနဲ့ ထိတွေ့တဲ့ အခါ အဓိက ပြဿနာဖြစ်လာပါ တယ်။ အခြေခံ အကျဆုံးလိုအပ်ချက်ကတော့ လူထု ရင်ထဲကို ရောက်တဲ့ ပါတီဖြစ်အောင် လူထု နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပါတီဖြစ်အောင် အစိုးရအာဏာပိုင် တွေ ဆိုတဲ့ အရိပ်ကြီးထိုးနေတာကို ဖယ်ရှားနိုင်ဖို့လို ပါတယ်။ နိုင်ငံရေး အပိုင်း မှာလည်း ပြည်သူတွေ နှစ်ပေါင်း ၃၀ နီးပါးကြားခဲ့ ရတဲ့ လမ်းတွေတံတား တွေ အကြောင်း မပြောပဲ ပြင်ပ ကမ္ဘာကြီး ကို ပြတင်းပေါက် လှမ်းမြင်ရသလို မြင်နေရတဲ့ အခုလို အင်တာနက် ခေတ်ကြီးမှာ လူထုကို ကမ္ဘာ နဲ့ ရင်ပေါင်တန်းပြီး ဘယ်လိုနေနိုင်အောင် နိုင်ငံ ကို ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်ကော့ပြီး နေနိုင် အောင် ဘာတွေလုပ်မယ် ဆိုတာမျိုး သာပြောဆို စည်းရုံးခြင်း ကသာ လူထု စိတ်ဝင်စားမှု အာရုံစိုက် မှုကို ရနိုင်မယ်လို့ထင်ပါတယ်။ ၂၈-၉-၂၀၁၅ နေပြည်တော်

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု စုပေါင်းသွေးလှူဒါန်း




မကွေး     စက်တင်ဘာ     ၂၈
          ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၈နာရီခွဲ က မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူးဦးစီး ရဲတပ်ဖွဲ့ဝင်(၆၃)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးညီညီလင်း နှင့်ရဲအရာရှိများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

          အဆိုပါ စုပေါင်းသွေးလှူဒါန်းရာသို့ အမှတ်(၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များမှ သွေးလှူဒါန်းသူတပ်ဖွဲ့ဝင်များအား အာဟာရအဖြစ်  နွားနို့၊ကြက်ဥ၊ဌက်ပြောသီးနှင့်စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

မိုးစပါးစံပြစိုက်ခင်း၌မြေသြဇာစု ပေါင်းကြဲပတ်ပွဲကျင်းပ


တောင်တွင်းကြီး     စက်တင်ဘာ               ၂၈
မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍တောင်တွင်းကြီးမြို့နယ်
ကင်ပွန်းတောင်ဆည်ရေသောက်လယ်မြေများတွင်ဆင်းသုခမျိုးကောင်းမျိုး
သန့်(၂၅)ဧကစံပြစိုက်ခင်းအတွက်ထောက်ပံ့ပေးသည့်ဓါတ်မြေသြဇာများအားကွင်းအမှတ်(၂၂၂၅)တောင်သူဦးသံချောင်းပါ(၁၀)
ဦးတို၏မိုးစပါးစံပြစိုက်ခင်း၌စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲနှင့်စုပေါင်း
မြေသြဇာကြဲပတ်ပွဲကိုစက်တင်ဘာ ၂၈ ရက်နံနက် ၉ နာရီကကျင်းပသည်။
          ပညာပေးဆွေးနွေးပွဲတွင်မြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်ကမိုးစပါး
လျှာထားဧကပြည်မှီရေးတစ်ဧကထွက်နုန်းတိုးတက်ရေးတို့အတွက်အချိန်မှ
စိုက်ပျိုးရန်လိုကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ
ဦးထွန်းမြင့်ကလယ်မြေများတွင်ဓါတ်မြေသြဇာနှင့်သဘာဝမြေသြဇာကိုအချိုး
ကျပေါင်းစပ်၍သုံးစွဲနည်းကိုလက်တွေ့ရှင်းလင်းပြသကာစိုက်ပျိုးရေးပညာပေး
လက်ကမ်းစာစောင်များကိုဒေသခံတောင်သူ ၁၀၈ ဦးတိုအားအခမဲ့ဖြန်ဝေပေးခဲ့သည်။
           ထိုနောက်တောင်သူများကစပါးခင်းများအတွင်းမြေသြဇာများစုပေါင်း
ကြဲပတ်ကြကြောင်းသိရသည်။
  နိုင်ဝင်း

Sunday, September 27, 2015

မြို့နယ်​စစ်​မှုထမ်း​ဟောင်း စည်းရုံး​ရေး​ကော်​မတီနှစ်​ပါတ်​လည်​အစည်းအ​ဝေးနှင့်​​ထောက်​ပံ့​ငွေ​ပေးအပ်​ပွဲအခမ်းအနားကျင်းပ


နတ်​​မောက်​         စက်​တင်​ဘာ၂၇

မြန်​မာနိုင်​ငံစစ်​မှုထမ်း​ဟောင်းအဖွဲ့မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​စစ်​မှုထမ်း​ဟောင်းစည်းရုံး​ရေး​ကော်​မတီ၏၂၀၁၄_၂၀၁၅ဘဏ္ဍာ​ရေးနှစ်​နှစ်​ပါတ်​လည်​ညှိနိုင်းအစည်းအ​ဝေးနှင့်​​ထောက်​ပံ့​ငွေ​ပေးအပ်​ပွဲကိုစက်​တင်​ဘာ၂၇ရက်​နံနက်​၉နာရီခွဲကမြို့နယ်​စစ်​မှုထမ်း​ဟောင်းရုံးတွင်​ကျင်းပသည်​။
အဆိုပါအခမ်းအနားကိုမြို့နယ်​စစ်​မှုထမ်း​ဟောင်းဥက္ကဌဗိုလ်​ကြီတင်​မြင့်​​အောင်​မှအဖွင့်​အမှာစကား​ပြောကြားပြီးမြို့နယ်​စစ်​မှုထမ်း​ဟောင်းစည်းရုံး​ရေး​ကော်​မတီအတွင်း​ရေးမှူးမှ၂၀၁၄_၂၀၁၅ဘဏ္ဍာ​ရေးနှစ်​နှစ်​ပါတ်​လည်​စာရင်းဇယားများဖတ်​ကြားရှင်းလင်းခဲ့သည်​။ထို့​နောက်​မြို့နယ်​စစ်​မှုထမ်း​ဟောင်းစစ်​သည်​သားသမီးများဖြစ်​သည့်​တက္ကသိုလ်​​ကျောင်းသား\သူ(၁၁)ဦးအား(၁၆၅၀၀၀)ကျပ်​၊အထက်​တန်းအဆင့်​​ကျောင်းသား\သူ(၈)ဦးအား(၈၀၀၀၀)ကျပ်​၊အလယ်​တန်းအဆင့်​​ကျောင်းသား\သူ(၂၄)ဦးအား(၁၆၈၀၀၀)ကျပ်​နှင့်​မူလတန်းအဆင့်​​ကျောင်းသား\သူ(၁၄)ဦးအား(၇၀၀၀၀)ကျပ်​​ကျောင်းသား\သူများအားလုံး​ထောက်​ပံ့​ငွေစုစု​ပေါင်း(၄၈၃၀၀၀)ကျပ်​​ပေးအပ်​ခဲ့ပြီးစစ်​မှုထမ်း​ဟောင်းအဖွဲ့ဝင်​အရာရှိအသက်​ကြီးစစ်​သည်​ကြီးများနှင့်​သင်​တန်းတက်​စစ်​သည်​များအား​ထောက်​ပံ့​ငွေ(၂၀၂၈၀၀၀)ကျပ်​အသီးသီး​ထောက်​ပံ့​ပေးအပ်​ခဲ့​ကြောင်းသိရသည်​။         လှဝင်း(iprd)

ဘ၀နတ်ထံ ပျံလွန်တော်မူသော နိုင်ငံတော်သြ၀ါဒစရိယ (မဟာသဒ္ဓမ္မဇောတိကဓဇ)သက်တော်ရှည် ကြွယ်ပုံ ဆရာတော်ကြီးအား ရည်မှန်း၍ အလှူဒါနပြု




မကွေး   စက်တင်ဘာ    ၂၄
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ ဇနီးဒေါ်စမ်းစမ်းမြင့် သမီး မစုနှင်းရွှေ မိသားစု တို့မှ ရေနံချောင်းမြို့နယ် ကုက္ကိုကွကျေးရွာအုပ်စု၊ကြွယ်ပုံကျေးရွာ နိုင်ငံတော် သြ၀ါဒစရိယ (မဟာသဒ္ဓမ္မဇောတိ ကဓဇ)သက်တော်(၉၄)နှစ်၊သိက္ခာတော်(၇၄)၀ါရ  ကြွယ်ပုံကျောင်း သက်တော်ရှည်ဆရာတော်ကြီး ၁၃၇၇-ခုနှစ်၊၀ါခေါင်လဆုတ်(၁၁)ရက်(၁၀-၉-၂၀၁၅) ကြာသပတေးနေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည့် ကြွယ်ပုံကျောင်းတော်သို့ စက်တင်ဘာ ၂၃ ရက်နေ့ကသွားရောက်၍ အန္တိမဈာပန ပူဇာသဘင် ကျင်းပဆောင်ရွက်ရန်ရောက်ရှိနေသော တပည့်ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံ အန္တိမ ဈာပနနှင့်စပ်လျင်းသော သံဝေဂတရားနာကြားကာ ပြုသမျှ ကုသိုလ်အရပ်ရပ်ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ဝထ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ဆရာတော်ကြီး လက်သုံးသြ၀ါဒ
``ငါ့တပည့်တွေ . . .ငါထက်ကြွားရင်, ငါထက် ပျင်းရင်၊ ငါနဲ့ မတဲ့ဘူး´´
(၁၂၈၄)ခုနှစ်. …….(၁၃၇၇)ခုနှစ်
သန်းနိုင်ဦး(ငဖဲ)

(၅၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း



မကွေး  စက်တင်ဘာ   ၂၇
          ၂၀၁၅ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းအကူရဲတပ်ဖွဲ့ဝင်များ၊ များအင်အား (၂၀၀)ကျော်ခန့် သည် ယနေ့နံနက်(၈)နာရီက မကွေးမြို့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ၀င်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်မှုခင်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝငးခြင်း၊ အမှိုက်များအားရှင်းလင်း ခြင်းများကို စုပေါင်းဆောင်ရွက်ကြပါသည်။
          ယင်းနောက် မကွေးတိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်စုစုပေါင်း(၁၀၀)ဦးက မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းကြသည်။  အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများနှင့် သွေးလှူဒါန်းလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက လာရောက်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းပြီး သည့် တပ်ဖွဲ့ဝင်များအား အာဟာရ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ကြက်ဥ၊ အားဆေးနှင့် ဓါတ်ဆားထုတ်များ ပေးအပ်ပါသည်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသည် တိုင်းဆေးရုံကြီးဖြစ်သည့်အတွက် လူနာများ များပြားစွာ လာရောက်ကုသ နေသောကြောင့် ဆေးရုံကြီးအနေဖြင့် သွေးလှူဘဏ်တွင် အမြဲသွေးလိုအပ်လျက်ရှိရာ ယခုလို အသင်းအဖွဲ့များ ကစုပေါင်းပြီး လာရောက်သွေးလှူဒါန်းမှုများလိုအပ်လျက်ရှိကြောင်း၊ ယခုလိုအသင်းအဖွဲ့များနှင့် အခြားသွေး အလှူရှင်များက သွေးများလာရောက်လှူဒါန်းလျက်ရှိ ပြည်သူများ၏ အသက်အန္တရာယ်ကို အချိန်မီ ကယ်တင်နိုင်သည့်အတွက် မကွေးတိုင်းဆေးရုံကြီးကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း မကွေးတိုင်းဆေးရုံကြီး ရောဂါဗေဒနှင့် သွေးလှူဘဏ်ခွဲမှ တာဝန်ခံဆရာဝန် ကြီး ဒေါက်တာ ကျော်စိုးထွန်းက ပြောကြားခဲ့ပါသည်။
ညီညီမောင်(မကွေး)