မကွေး သြဂုတ် ၂၂
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
ရဲအကူတပ်ဖွဲ့ခွဲမှူးရုံးအစည်းအဝေးခန်းမတွင် သြဂုတ် ၂၁ရက် နံနက် (၈) နာရီခွဲက
COMMUNITY POLICING လုပ်ငန်းစဉ် အခြေခံ သင်တန်း ဆင်းပွဲ အခမ်းအနား
ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ
သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ
ပေးအပ် ခဲ့သည်။
အဆိုပါ
သင်တန်းဆင်းပွဲသို့ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ဦးစီးအရာရှိ (ပထမတန်း) (ဦး/ရေး/ထောက်)၊
မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ရဲမှူး(ဦးစီး)၊
ရဲမှူး(ရေး/ထောက်)၊ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး၊ မှုခင်းတပ်ဖွဲ့စုမှူး၊
သတင်းဒုတပ်ဖွဲ့ခွဲမှူး၊ မူးယစ်တပ်ဖွဲ့စုမှူး၊ အမှတ်(၂) လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူး၊ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့ဝင် အရာရှိများ၊ ရဲအကူတပ်ဖွဲ့ခွဲမှ အရာရှိများ သင်တန်းနည်းပြ
အရာရှိ(၂)ဦးနှင့် သင်တန်းသား အရာရှိ (၁၆)ဦး၊ စုစုပေါင်း(၅ဝ)ဦး တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
၎င်းနေ့
နေ့လည် (၂) နာရီအချိန်တွင် အဆိုပါ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး အစည်းအဝေးခန်းမ၌
(Special Police) များအား ဆင့်ပွားသင်တန်းပေးမည့်တပ်ဖွဲ့ဝင် (အရာရှိ) နည်းပြ
သင်တန်း ဆင်းပွဲ အခမ်းအနားကိုဆက်လက်ကျင်းပရာ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ယာယီရဲမှူးကြီး အောင်စိုးဝင်းမှ သင်တန်းဆင်း အမှာစကားပြောကြားပြီး
ဆင့်ပွားသင်တန်းပေးမည့်တပ်ဖွဲ့ဝင်(အရာရှိ)နည်းပြများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
အခမ်းအနားသို့
ဦးစီးအရာရှိ (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယ ရဲမှူးကြီး မောင်မောင်အေး၊
ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး မင်းဟန်၊ ရဲမှူး သက်လွင် (ရဲမှူး၊ဦးစီး)၊
ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး တင်မျိုးအောင်၊ မှုခင်း တပ်ဖွဲ့စုမှူး ဒုရဲမှူး
ချစ်မောင်၊ မူးယစ်တပ်ဖွဲ့ စုမှူး ဒုရဲမှူး မြင့်ဌေး၊ အမှတ်(၂) လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ဒုရဲမှူး လှဦး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့ဝင်အရာရှိများ၊ ရဲအကူတပ်ဖွဲ့ခွဲမှ အရာရှိများ သင်တန်း နည်းပြဆရာ(၂)ဦးနှင့်
သင်တန်းသား အရာရှိ(၃ဝ)ဦး၊ စုစုပေါင်း (၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment