Tuesday, September 1, 2015

နတ်​​မောက်​မြို့နယ်​၌ဗုဒ္ဓဘာသာ ယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း​တော်​ဖွင့်​ပွဲကျင်းပ


နတ်​​မောက်​               သြဂုတ်​ ၃၁

မြန်​မာနိုင်​ငံလုံးဆိုင်​ရာဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာပြန့်​ပွား​ရေးဗဟိုအဖွဲ့ခွဲ(၁)မှကြီးကြပ်​မှုဖြင့်​နတ်​​မောက်​မြို့ဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း​တော်​တမာပင်​ဘုန်း​တော်​ကြီး​ကျောင်းတိုက်​၊ရန်​​အောင်​မြင်​မကျီး​တောဘုန်း​တော်​ကြီး​ကျောင်းတိုက်​နှင့်​စည်​သာစန်း​တောဘုန်း​တော်​ကြီး​ကျောင်းတိုက်​များသို့သြဂုတ်​၃၀ရက်​ကဓမ္မ​ကျောင်း​တော်​ဖွင့်​ပွဲအခမ်းအနားများပြုလုပ်​ခဲ့​ကြောင်းသိရသည်​။
အဆိုပါအခမ်းအနားများသို့​တောင်​တွင်းကြီးမြို့ဘုံ​ကျော်​​ကျောင်းဆရာ​တော်​ဦးဝိလာသ၊မြို့နယ်​သံဃာ့နာယကဥက္ကဌဆရာ​တော်​ဦးဝါယမနှင့်​ဆရာ​တော်​များမှဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း(၃)​ကျောင်းဖွင့်​ပွဲအခမ်းအနားများသို့ဓမ္မ​ကျောင်း​တော်​ဖွင့်​လှစ်​ရခြင်း၏ရည်​ရွယ်​ချက်​များနှင့်​တိုင်းပြည်​ရဲ့အနာဂတ်​ကိုပိုင်​ဆိုင်​ထားကြတဲ့လူငယ်​​မောင်​မယ်​​တွေယဉ်​​ကျေးလိမ္မာပြီးစာရိတ္တမဏ္ဍိုင်​မြင့်​မားကာအမျိုးဘာသာသာသနာ​တော်​ကိုချစ်​မြတ်​နိုးတတ်​တဲ့လူ​တော်​လူ​ကောင်း​တွေ​ပေါ်ထွန်းလာ​စေဖို့မြွတ်​ကြား​ပေးခဲ့ပြီးအလှူရှင်​များကဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း(၃)​ကျောင်းသို့ပုံဆွဲစာအုပ်​ဝါ၊စိမ်း၊နီ၊ပြာစာအုပ်​များ၊ဗလာစာအုပ်​များ၊အ​ခြေခံဖတ်​စာအုပ်​များ၊ဖတ်​စာ(၁)၊ဖတ်​စာ(၂)များ၊ဦးချနည်းဗွီနိုင်းများနှင့်​ဆရာကိုင်​စာအုပ်​များ​ပေးအပ်​လှူဒါန်းခဲ့ပြီးမြို့​ပေါ်ရှိတမာပင်​ဘုန်း​တော်​ကြီး​ကျောင်းတိုက်​ဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်းသား\သူ(၃၁၅)ဦး၊ရန်​​အောင်​မြင်​မကျီး​တောဘုန်း​တော်​ကြီး​ကျောင်းတိုက်​​ကျောင်းသား\သူ(၁၅၀)ဦးနှင့်​စည်​သာ​ကျေးရွာစန်း​တောဘုန်း​တော်​ကြီးသင်​ပညာ​ရေးမူလွန်​​ကျောင်း၊​ကျောင်းသား\သူ(၁၅၆)ဦးတို့မှတက်​​ရောက်​မည့်​သင်​တန်းသား\သူ​လေးများဖြစ်​သည်​။
ထို့​နောက်​အခမ်းအနားသို့မြန်​မာနိုင်​ငံလုံးဆိုင်​ရာဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာပြန့်​ပွား​ရေးဗဟိုအဖွဲ့ခွဲ(၁)မှဆရာ​တော်​များနှင့်​အလှူရှင်​များ၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနှင့်​ဌာနဆိုင်​ရာများ၊မြို့နယ်​ဓမ္မ​ကျောင်း​တော်​ဖြစ်​​မြောက်​​ရေး​ကော်​မတီဥက္ကဌနှင့်​​ကော်​မတီဝင်​များ၊​ကျောင်းသား\သူများ၊ဆရာ၊ဆရာမများနှင့်​​ကျေးရွာပြည်​သူများတတ်က်​​ရောက်​ကြ​ကြောင်းသိရသည်​။                   လှဝင်း(iprd)

လှဝင်း

0 comments:

Post a Comment