မကွေး သြဂုတ်
၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်
တရား သူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ န၀မအကြိမ်မြောက်လုပ်ငန်းညှိ
နှိုင်းအစည်းအဝေးအတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို မကွေးတိုင်း ဒေသကြီး
တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပရာ မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်
ဦးစိန်ထွန်းက အဖွင့်မှာစကားပြောကြားသည်။
အဆိုပါ
ရှင်းလင်းပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်
တရားလွှတ်တော်တရားသူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ န၀မ
အကြိမ်မြောက်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးအတွေ့အကြုံများကို တိုင်းဒေသကြီး တရားလွှတ်
တောတရားသူကြီး(၂)ဒေါ်နုယဉ်ကထပ်ဆင့်ရှင်းလင်းမှာကြားပြီး မကွေးတိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီး(၁)ဦးမြင့်သိန်းနှင့်တိုင်းဒေသကြီးတရားရေးဦးစီးမှူး
ဦးခင်မောင်တို့မှတရား စီရင်ရေးလုပ်ငန်းများ၊တရားရုံးဆိုင်ရာစီမံခန့်ခွဲမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထပ်ဆင့်ရှင်းလင်းပွဲသို့
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့်တရားရေးအရာရှိများ၊မကွေးတိုင်းဒေသကြီး
အတွင်းရှိ ခရိုင်တရားရုံးများနှင့်မြို့နယ်တရားရုံးများမှ တရား သူကြီးများ တက်ရောက်ကြကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment