မြိုင် သြဂုတ်
၂၆
မကွေးတိုင်းဒေသကြီး၊
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်း အနောက်ဘက် (၁)မိုင်ခန့်အကွာ
ခင်အေးရွာ-မြိုင် ကားလမ်းပေါ်တွင် မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ
သစ်တောဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့်အဖွဲ့၊ ဗဟင်းနယ်မြေရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သြဂုတ် ၂၄ ရက်နေ့ နံနက် (၁) နာရီအချိန်ခန့်တွင်
သတင်းအရ သက်သေများနှင့်အတူ ၄င်းလမ်းအတိုင်း ကျော်ကျေးရွာ ဘက်မှ မြိုင်မြို့ဘက်သို့
မြိုင်မြို့နယ်၊ ကျော်ကျေးရွာနေသူ ယာဉ်မောင်း ကျော်ဆွေမြင့် (၄၉)နှစ် မောင်းနှင်
လာသော 2B/---- ဟီးနိုးအပြာရောင် ခြောက်ဘီး ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်
တရားမ၀င် ပျဉ်းကတိုးသစ်ခွဲသား (၈၇)ချောင်း (၅.၇၀၇)တန် (တန်ဘိုး ၈၅၆၀၅၀ိ/-) အား
တွေ့ရှိရပြီး သစ်ပိုင်ရှင်များမှာ မြိုင်မြို့နယ်၊ ဆင်စွယ် ကျေးရွာနေသူ မင်းကိုဦး
(၃၅)နှစ် ၊ မြိုင်မြို့နယ်၊ ငါးဝင်(မြောက်)ကျေးရွာနေသူ ဌေးနိုင် (၂၀)နှစ် နှင့်
ပုလဲမြို့နယ်၊ နတ်ထိပ်ကျေးရွာနေသူ စန်းလွင် (၄၀)နှစ် တို့ဖြစ်ကြောင်း စစ်ဆေး
သိရှိရသဖြင့် ကျော်ဆွေမြင့်ပါ (၄)ဦးတို့အား အရေးယူပေးရန် မြိုင်မြို့နယ်
သစ်တောဦးစီးမှူး ဦးဝင်းနိုင်ဦးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့်
မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း (ပ)၇၁/၂၀၁၅၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်
စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း
သိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment