Wednesday, August 26, 2015

ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် လမ်း၏ယာဘက်သို့ လဲကျတိမ်းမှောက်ပြီး ၃ ဦးဒဏ်ရာရ




ဆင်ပေါင်ဝဲ     သြဂုတ်     ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ လဲဇင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည်  သြဂုတ်၂၂ ရက်နေ့ နေ့လည် (၁) နာရီအချိန်က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ သာဂရဘက်မှ ကိုးပင်သို့ ဝါးများတင်ဆောင်၍ မောင်းနှင်လာသော တောင်တွင်းကြီး မြို့နယ်၊ အုန်းတော(၁)ရပ်ကွက်နေ ကျော်ကျော်ဆွေ(ခ)ပုကြီး၊ ၄၈နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်ပါ ဝါးခုတ်လိုက်ပါသူ တောင်တွင်းကြီးမြို့နယ်၊ ရွာသာကျေးရွာနေ ရဲကိုနိုင်(၂၅) နှစ်နှင့် ဦးကျော်လွင် (၅၁)နှစ်တို့ လိုက်ပါလာသော ယာဉ်အမှတ် X/xxx(MDY)၊ NISSANDISAL အမျိုးအစား(၆)ဘီး၊ ခေါင်းဖြူ၊ ဘော်ဒီအပြာရောင် ယာဉ်သည် မိုင်တိုင်အမှတ် ၆၈/၄၊ ကန်ချောင်းရွာ အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ လဲကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း ကျော်ကျော်ဆွေ (ခ)ပုကြီး၊ ရဲကိုနိုင်နှင့် ကျော်လွင် တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ကျော်ဆွေ(ခ)ပုကြီးအား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment