မကွေး သြဂုတ်
၂၈
မကွေးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့်
၂၀၁၅ခုနှစ် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် မကွေးတိုင်းဒေသကြီးလူငယ်ဖိုရမ် အလွှာစုံလူငယ်များ
တွေ့ဆုံဆွေး နွေးနှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်အတူ
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ
များ၊ အလွှာစုံအသီးသီးမှလူငယ်များနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြ
သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး
လူငယ်ရေးရာနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက် ညှိနှိုင်းရေးမှူး မဖြူနှင်းအေးမှ
၂၀၁၅ခုနှစ် မကွေးတိုင်းဒေသကြီးလူငယ်ဖိုရမ်တွေ့ဆုံပွဲပြု
လုပ်ရခြင်း၏ ရည်ရွယ်ချက်များအား အကျယ်တ၀ံ့ ရှင်းလင်းတင်ပြပြီး သုံးရက်တာ လူငယ်တွေ့ဆုံ
ပွဲတွင် ထည့်သွင်းဆွေးနွေးမည့် အစီအစဉ်များအား ဖတ်ကြားးတင်ပြခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ ၂၀၁၅ခုနှစ်
နိုင်ငံတကာ လူငယ် များနေ့ အထိမ်းအမှတ် မကွေးတိုင်းဒေသကြီးလူငယ်ဖိုရမ် အလွှာစုံလူငယ်များ
တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်အောင်ပံ့ပိုးပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ပြီး
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့သည်။
ယနေ့ပြုလုပ်သော ၂၀၁၅ခုနှစ်
နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ် မကွေးတိုင်း ဒေသကြီးလူငယ်ဖိုရမ် အလွှာစုံလူငယ်များ
တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment