တောင်တွင်းကြီး သြဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊
တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂)ရပ်ကွက်၊ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရှေ့တွင်
တောင်တွင်းကြီး မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၁ ရက် နေ့လည် (၁၂)
နာရီခွဲ အချိန်ခန့်က သတင်းအရ စောင့်ဆိုင်းနေစဉ် တောင်တွင်းကြီး မြို့နယ် ၊
ကျောင်းတော် ရာကျေးရွာနေ ဦးမျိုးတင့်(၅၇)နှစ် စီးနင်းလာသော ၂၈ယ/xxxx၊ နံပါတ်ပါ
ကန်ဘို ၁၁ဝ အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၊
ကျောင်းတော်ရာကျေးရွာနေ ဦးမျိုးတင့်(၅၇)နှစ်စီးလာသည့် ဆိုင်ကယ် ဖင်ထိုင်ခုံ
စွပ်အတွင်းမှ သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း
များနှင့်လောင်းကြေးငွေစက္ကူရောရာ(၇၂,၂ဝဝိ/-)၊ Gionee အမျိုးအစားဆင်းကဒ်ပါ
ဟန်းဆက်ဟောင်း (၁)လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့်
သုံးလုံးထီလောင်းကစားဒိုင် ပြုလုပ်ရောင်းချသူ မျိုးတင့် အားတောင်တွင်းကြီးမြို့နယ်၊
မြို့မရဲစခန်း(ပ)၃၄၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း
သိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment