မင်းဘူး သြဂုတ်
၂၄
မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ခွင့်ပြုရန်ပုံငွေဖြင့် lwin New Generation Company မှ တန်ဖိုး ငွေကျပ်(၅၃.၇၅၁)သန်းဖြင့် တာဝန်ယူဆောင်ရွက်သော မင်းဘူး - မင်းလှလမ်းမှ ရွာသာယာအ၀င်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း (၁)မိုင်အား မြို့နယ်ဦးစီးမှူး
ဦးအောင်ဘုန်းလင်းနှင့် ၀န်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ရာ
သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးတို့ကို
တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
အဆိုပါ ကျောက်ချောလမ်း (၁) မိုင်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသခံ ကျေးလက်နေ
ပြည်သူများ လူမှုရေး၊ ကျန်းမာရေး၊
ပညာရေး၊ ကုန်စည်စီးဆင်းမှုများ ပိုမိုအဆင်ပြေသွားလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment