Tuesday, August 25, 2015

၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ ကျင်းပ


မြိုင်-သြဂုတ်-၂၅
        မကွေးတိုင်းဒေသကြီး၊ ပခုက်္ကူခ်ရိုင်-မြိုင်မြို့နယ်၊ သနပ်္ပင်ကုန်းကျေးရွာ
အုပ်စု၊ ယင်းမာကျင်းကျေးရွာတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲကို သြဂုတ် ၂၅ ရက်နေ့ ၊နံနက် ၉နာရီ က ယင်း အ.လ.က ခွဲ ကျောင်းခန်းမ၌ ကျင်းပသည်။
        အဆိုပါ ဆုပေးပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်း က အဖွင့်
အမှာစကားပြောကြားပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွေးမောင် က ကျောင်းပံ့ပိုး
ဆောင်ရွက်မှုများ ပြောကြားခြင်းနှင့်ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သောင်းက
ပညာရေးနှင့်ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးပြောကြားသည်။
        ထို့နောက် ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်  ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား အတန်းလိုက်ဆုများ ချီးမြှင့်
ကြသည်။(၆၈)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲတွင် ဆုရရှိသူများအား
ကျောင်းအုပ်ဆရာကြီးက ဆုချီးမြှင့်ပေးသည်။
        ဆက်လက်၍ ရန်ကုန်မြို့နေ ဦးဇင်းကြီး ဦးဝိမလ အမှူးပြု၍ ဆရာမကြီး ဒေါ်စိန်ရွှေ မှ စတုတ်္ထတန်းကို ထူးချွန်စွာအောင်မြင်သူ(ပထမ+ဒုတိယ+
တတိယ)ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် သုံးထောင်ကျပ်၊အဋ္ဌမတန်းအောင်
(ပထမ+ဒုတိယ+တတိယ)ကျောင်းသား/ကျောင်းသူတစ်ဦးလျှင်  ငါးထောင်ကျပ်၊
ဒဿမတန်းအောင်(ပထမ+ဒုတိယ+တတိယ)ကျောင်းသား/ကျောင်းသူတစ်ဦးလျှင်
နှစ်သောင်းကျပ်ဖြင့် ဆုများချီးမြှင့်ပြီးကျောင်းဆရာ/ဆရာမကြီးများအား လက်ဆောင်ပစ်္စည်းများပေးအပ်ရာ-ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခြင်းနှင့်
ဆုချီးမြှင့်ပွဲဖြစ်မြောက်ရေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ
ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။  (ပုံ)

                        အောင်ကျော်မြင့်
                     

0 comments:

Post a Comment