ငဖဲ သြဂုတ်
၂၇
မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ဖွင့်လှစ်
သည့် မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို သြဂုတ် ၂၅ ရက်နေ့နံနက် ၉ နာရီက ငဖဲမြို့နယ် ပေကုန်းကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်ဇော်က
အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းမှသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်
ပို့ချမည့်အစီ အစဉ်နှင့်စည်းကမ်းပိုင်းဆိုင်ရာတို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်
ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဆောင်မှ ကျေးရွာသူ ကျေးရွာသားများကိုယ်စား
သင်တန်းဖွင့်လှစ်ပေးသည့် အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပေကုန်းကျေးရွာမှ သင်တန်းသား(၁၀)ဦးတက်ရောက်ပြီး
သင်တန်း ကာလမှာ သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိဖွင့်လှစ်၍ ဆိုင်ကယ်ပြု ပြင်ရေးကျွမ်းကျင်နှစ်ဦးမှသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment