Friday, August 28, 2015

ချောက်မြို့နယ်မှ တောဆင်ရိုင်းများထွက်ခွာ




ချောက်         သြဂုတ်      ၂၇        ရက်
           မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ရက်နေ့ ၂၃း၄၅ နာရီအချိန်တွင် ဂွေးချိုကျေးရွာ ရဲအုပ်အေးစိုးနှင့် တပ်ဖွဲ့ဝင်များသည် ရဲကင်းစခန်းတွင်ရှိနေစဉ် ရဲစခန်းအရှေ့ဘက်ရှိ ဂွေးချိုကျေးရွာအေးစေတီဘုရားတောင်ကုန်းမှ ဆင်အော်သံများကြားသဖြင့် ဂွေးချိုကျေးရွာသားများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ရာ တောဆင်ရိုင်း(၅)ကောင်အား တွေ့ရှိခဲ့သည်။

       အဆိုပါတောဆင်ရိုင်းများသည် ၄င်းတောင်ကုန်းအနီးတွင်ရှိနေပြီး ဂွေးချိုကျေးရွာအတွင်း ဝင်ရောက်မှုမရှိစေရေးအတွက် ရဲစခန်းရှိတပ်ဖွဲ့ဝင်များ၊ ကျေးရွာသားများနှင့်ဂွေးချိုကျေးရွာရှိ သစ်တောဝန်ထမ်းများတို့မှ ၄င်းဆင်ရိုင်းများသွားလာလုပ်ရှားမှုကို စောင့်ကြည့်လျက် ရှိကြောင်းသိရသည်။

       ဆက်လက်၍ ၂၇.၈.၁၅ ရက်နေ့ ယနေ့တွင် တောဆင်ရိုင်းများ၏ သွားလာလှုပ်ရှားမှုများအား မကွေးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်း၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မင်းဟန်၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးမောင်မောင်သက်၊ ချောက်မြို့နယ် ခေတ္တမြို့နယ်ရဲမှူးဒုရဲမှူးစိန်အောင်၊ ချောက်မြို့နယ်ဂွေးပင်ရဲကင်းစခန်း စခန်းမှူးရဲအုပ်အေးစိုး၊ ချောက်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးစိန်မောင်၊ ဆင်ဖမ်းဆီးရေးအဖွဲ့မှ ဒေါက်တာတင်ထွန်းအောင်၊ ဒေါက်တာဝင်းစိုးနိုင်၊ ဦးစံသိန်း၊ ဦးမောင်ကြံတို့သည် ဆင်ယဉ်နှစ်ကောင်နှင့် အတူ လိုက်လံကြည့်ရှုစောင့်ကြည့်ခဲ့ရာ ယနေ့နံနက် ၀၇း၃၀ အချိန်တွင် ဂွေးချိုကျေးရွာ အေးစေတီဘုရားတောင်ကုန်းမှထွက်ခွာသွားခဲ့ပြီး ၁၀း၃၀အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ် အင်းကွက်အိုင်အုပ်စု၊ ကန်အင်းကျေးရွာဘက်သို့ ရောက်ရှိထွက်ခွါသွားကြောင်း သတင်းရရှိသည်။
                                  ချောက်(ပြန်/ဆက်)

0 comments:

Post a Comment