Friday, August 28, 2015

မိုးစပါးစိုက်ဧကပြည့်မီရေးတောင်သူများနှင့်တွေ့ဆုံဆွေးနွေး




  ချောက်          သြဂုတ်  ၂၄  ရက်

        မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ၊ စလေ-ပခန်းငယ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ ရေအရင်းအမြစ်အသုံးချဦးစီးဌာန ရုံးတွင် ယမန်နေ့ နေ့လယ် (၁၃း၀၀)နာရီက မိုးစပါးစိုက်ဧကပြည့်မီရေးတောင်သူများ နှင့်တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးမောင်မောင်သက် နှင့်မြို့နယ်စိုက်ညှိအဖွဲတို့တက်ရောက်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရသည်။
        ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးမောင်မောင်သက် မှစပါးစိုက်ဧက နည်းပါးမှုနှင့် ပက်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ညှိအဖွဲ့ဝင်များဖြစ်သည့် ဦးသက်နိုင်ထွန်း နှင့် ဒေါ်ဥမ္မာအောင် တို့မှလည်း မိုးစပါးစိုက်ဧက ပြည့်မီရေး တောင်သူများ၏ လိုအပ်ချက်များကို သိရှိရေး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။
        အဆိုပါအဖွဲ့သည် စလေ-ပခန်းငယ် နှင့် ဥမင်ကိုးပေါက် လျှပ်စစ်မြစ်ရေတင် ရေပေးဝေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ စလေ-ပခန်းငယ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ AE  ဦးညီညီထိုက်မှ ကျေးရွာအုပ်စု (၂)အုပ်စု မှ ကွင်းပေါင်း (၁၄)ကွင်း အားလည်းကောင်း ၊ ဥမင်ကိုးပေါက် လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ AE ဦးထွန်းကျော်မှ ကျေးရွာ (၄)အုပ်စုမှ ကွင်းပေါင်း (၉)ကွင်းအတွက် ရေကော်မတီများ ဖွဲ့စည်း၍ ရေလှည်စနစ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း တာဝန်ရှိသူ (၂)ဦး တို့မှ ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်ချက်များကို ဆွေးနွေးမှားကြားခဲ့ကြောင်းသိရှိရသည်။

                                        မချို (ချောက်)

0 comments:

Post a Comment