Wednesday, August 26, 2015

ဖဲလောင်းကစား ပြုလုပ်နေသူများအား အမှုဖွင့်အရေးယူ




ဆိပ်ဖြူ     သြဂုတ်     ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသာအေးကျေးရွာတောင်ဘက် နတ်စင်ကုန်းမကျီးပင်အောက်တွင် ဖဲလောင်းကစားပြု လုပ်နေကြောင်းသတင်းအရ ဆိပ်ဖြူမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သြဂုတ်၂၂ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်က သက်သေ များနှင့်အတူ သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရွာသာအေးကျေးရွာတောင်ဘက် နတ်စင်ကုန်းမကျီးပင်အောက်တွင် ဆိပ်ဖြူမြို့နယ်၊ လိပ်ခြံကျေးရွာ နေ ဦးကျောက်ခဲ(၅၆)နှစ် ပါ (၆)ဦးအား ဖဲလောင်းကစားနေ သည်ကိုတွေ့ရှိရပြီး ဖဲလောင်းကစား ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ ၉၈,၇ဝဝိ/- တို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဦးကျောက်ခဲပါ (၆)ဦးအား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၆/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၂ (က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment