Tuesday, August 25, 2015

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနတ်မောက်မြို့ ၌ကျင်းပ

နတ်မောက်                   သြဂုတ် ၂၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို
့တွင်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့်မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့ပူးပေါင်း၍သြဂုတ်၂၄ရက်နံနက် ၁၀နာရီကအာဟာရဖွံ့ဖြိုးရက်သတ္တပတ်လှုပ်ရှားမှုများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဆေးခန်းတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင်မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးမင်းနှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဌဒေါ်ခင်ဆွေမြင့်တို့မှကိုယ်ဝန်ဆောင်မိခင်တိုင်း(B1)ဆေးပြားများသောက်စေခြင်းနှင့်ဟင်းသီး ဟင်းရွက်များကိုအာဟာရပြည့်ဝအောင်စားသုံးကြရန်ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာကြသောကိုယ်ဝန် ဆောင်မိခင်များနှင့်ငါးနှစ်အောက်ကလေးငယ်များကို အာဟာရများကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ဗီတာမင်(A)၊သံချဆေးနှင့်အိုင်အိုဒင်းဆားထုပ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
                                            လှဝင်း

0 comments:

Post a Comment