Tuesday, August 25, 2015

အရက်သေစာသောက်စားပြီး ဆိုင်ကယ်ဖြင့်ကျောက်ပုံဝင်တိုက်မိ သေဆုံး




ငဖဲ     သြဂုတ်      ၂၃
          ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု ပင်ဦးကျေးရွာနေ ဦးလှ (ကျောင်းဆရာအငြိမ်းစား) (၄၇)နှစ် (ဘ)ဦးတင်ဇူသည် သြဂုတ် ၂၃ ရက်နံနက် ၁၀ နာရီခွဲအချိန်တွင် အရက်သေစာသောက် စားပြီး ပင်ဦးကျေးရွာမှ  ငဖဲ-စေတုတ္တရာလမ်းအတိုင်း KENBO-110 အစိမ်းရင့်ရောင် လိုင်စင်မဲ့ ဆိုင်ကယ်ဖြင့် ၄င်း၏တောင်ယာသို့သွားစဉ် မိုင်တိုင်အမှတ်  ၁၁/၅ မိုင်အနီးတွင် ကားလမ်းဘေးရှိ ကျောက်ပုံကိုဝင်တိုက်မိရာ ၀ဲနဖူး ၃ လက်မပေါက်ပြဲပြီးမျက်နှာတစ်ပြင်လုံးနှင့်လက်များတွင် ပွန်းပဲ ဒဏ်ရာများ ရရှိပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment