ကံမ သြဂုတ်
၂၀
မကွေးတိုင်းဒေသကြီး၊
သရက်ခရိုင် ၊ ကံမမြို့နယ်၊ စစ္စရံကျေးရွာတွင် သြဂုတ် ၂၀ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်က
နေအိမ်၌ ရေနွေးအိုးတည်ရာမှ မီးပွားလွင့်စင်ပြီး နေအိမ် တစ်လုံးမီးလောင် ဆုံးရှုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သရက်ခရိုင်၊
ကံမမြို့နယ်၊ စစ္စရံကျေးရွာနေ ဒေါ်တင်ကြည် (၈၄)နှစ်သည် နေအိမ်၌ ရေနွေးအိုး တည်ရာမှ
မီးပွားလွင့်စင်ပြီး နေအိမ်ကာရံထားသော သက္ကယ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ
ကျေးရွာသူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နေ့လည် (၂း၄၅) အချိန် မီိးငြိမ်းသွားခဲ့ပြီး
ဒေါ်တင်ကြည်၏ (၄x၄)ပင်၊ သွပ်မိုး၊ သက္ကယ်ကာ၊ ပျဉ်ခင်း၊ မြေစိုက် တစ်ထပ်အိမ်တစ်လုံး (၅ဝ,ဝဝဝိ/-)
ခန့် ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ သုံးစွဲသူ ဒေါ်တင်ကြည်အား ကံမမြို့နယ်၊
မြို့မရဲစခန်း (ပ)၇၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ
ဆောင်ရွက်လျှက် ရှိကြောင်း သိရှရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment