မင်းဘူး သြဂုတ် ၂၁
ပြည်သူတို့နှင့်နေ့စဉ်ထိတွေ့
ဝန်ဆောင်မှုပေးနေရသည့်ဌာနများအား တစ်နေရာတည်းစုပေါင်း ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုကို
အချိန်နှင့်တပြေညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)(OSS) ရုံးကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
အဆိုပါရုံးဖွင့်ပွဲအခမ်းအနားတွင်
ပြည်သူ့ဝန်ဆောင်မှုရုံးဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား မြို့နယ်အုပ်ချုပ် ရေးမှူး ဦးညီညီဝင်း၊ဒု-ခရိုင်အုပ်ချုပ်ရေးမှူး
ဦးပြည့်ဖြိုးကျော်နှင့် မြို့နယ်လ.၀.က ဦးစီးအရာရှိ
ဦးကျော်စိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့်
ပက်ဖြန်းပေးခဲ့ကြသည်။
ပြည်သူတို့
၏အခြေခံလိုအပ်ချက်များကို အဆင်ပြေချောမွေ့စေရန် ၀န်ဆောင်မှုများ ဆောင်ရွက်ပေး နိုင်ရန်
လာဘ်ပေး လာဘ်ယူ၊အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ၀န်ဆောင်မှု၊ အလေအကျင့်များ
ပြုစုပျိုး ထောင်ပေးရန် ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပေါ် အားကိုး
ယုံကြည်မှု တိုးပွားစေရန် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန်
ထိန်း ကျောင်းမှုပြုနိုင်ရန် ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့် ငွေကြေး
ကုန်ကျမှု သက်သာစေရန် ရည်ရွယ်၍ ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ရေးဆောင်ရွက်ရခြင်းဖြစ်သည်။
မင်းဘူးမြို့ရှိ
ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်လယ်
ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်လျှပ်စစ်ဓါတ်အား
ဖြန့်ဖြူးရေးလုပ်ငန်း၊ နှင့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနများမှ ၀န်ဆောင်မှုများကို
တစ်နေရာတည်းတွင် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို
လွယ်ကူပြည့်စုံ၍ လုပ်ငန်းအဆင့် အချိန်၊ ကုန်ကျစရိတ်များ သက်သာစေမည့် အကျိုးများ ရရှိစေမည်ဖြစ်ကြောင်း
သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment