စလင်း သြဂုတ်
၂၁
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သြဂုတ် ၂၀
ရက်နေ့ ည (၁၀း၂၅) အချိန်က စလင်း-ဆိပ်ဖြူသွားကားလမ်း၊ မိုင်တိုင် အမှတ် ၆ဝ/၎
အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်အား
စစ်ဆေးရာ စလင်း-ဆိပ်ဖြူသွားကားလမ်း၊ မိုင်တိုင်အမှတ် ၆ဝ/၄ အနီးတွင် စလင်း ဘက်မှ
ဆိပ်ဖြူဘက်သို့ ချောက်မြို့၊ အမှတ်(၈)ရပ်နေ ပေါကြည်(၅၄)နှစ်မောင်းနှင်သော FUSO ၁၂
ဘီးယာဉ်အား ၄င်းလမ်းအတိုင်း ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးရွာနေ ဝင်းထိုက်(၄၂)နှစ်
မောင်းနှင် သော နံပါတ်မပါ KENBO -110 အနက်ရောင်ဆိုင်ကယ်မှ နောက်မှကျော်တက်စဉ် ၁၂
ဘီး ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပွတ်တိုက်မိ သဖြင့် ဆိုင်ကယ်မောင်းနှင်သူ
ဝင်းထိုက်မှာ ၁၂ ဘီးယာဉ် နောက် ဘီးဖြင့် ကြိတ်မိသောကြောင့် ဝင်းထိုက် တွင်
ဝဲခြေသလုံးကျိုး၊ အရေပြားစုတ်ပြဲ၊ ဝဲနံရိုးရောင်ကိုင်း၊ ဝှေးစေ့ပေါက်ပြဲကြေမွ
ဒဏ်ရာဖြင့် သေဆုံးသွား သဖြင့် ပေါကြည်အား စလင်းမြို့နယ်၊ တညောင် နယ်မြေရဲစခန်း
ယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment