မကွေး သြဂုတ်
၂၃
မကွေးတိုင်းဒေသကြီး၊
မကွေးခရိုင်၊ မကွေးမြို့၊ အောင်ချမ်းသာအုပ်စု၊ ရန်အောင် (၁၅)လမ်း တွင် သြဂုတ် ၂၁
ရက် နံနက် (၁၁) နာရီခွဲအချိန်ခန့်က လူတစ်ဦး ကျောက်စည်အတွင်း ကျပြီး ၊
ရေနစ်သေဆုံးကြောင်း သိရှိရသည်။
သေဆုံးသူမှာ မကွေးမြို့၊ ရန်အောင်ရပ်ကွက်နေ
သော်မင်းစိုး(၂ဝ)နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် နေအိမ်ဘေး
ရေအနက် (၁)ပေခန့်ရှိ ကျောက်စည်အတွင်း တွင် ခေါင်းငုံ့ရေခပ်ရာမှ ပြုတ်ကျရေနစ်ပြီး
ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းသေဆုံးခြင်းမှာ
ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မကွေးမြို့နယ် ၊
မကွေးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၃/၂ဝ၁၅) ဖြင့် ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment