Wednesday, August 5, 2015

သမ္မတကြီး ဒီနေ့ ပွင့်ဖြူမှာ ရေဘေးဒဏ်ခံ ပြည်သူတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။

Ye Htut added 4 new photos.မှ ကူးယူဖော်ပြသည်။
12 hrs ·
သမ္မတကြီး ဒီနေ့ ပွင့်ဖြူမှာ ရေဘေးဒဏ်ခံ ပြည်သူတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ အဲဒီအခါ ပြည်သူတွေက မနေ့ညက ကြီးအုံကြီးဝ ဆည်ကျိုးပြီဆိုပြီး အင်တာနက်ကနေ ဖုန်းတွေကနေ ကောလာဟလ သတင်းတွေ ပြန့်လာလို့ ထိတ်လန့် ပြေးလွှားခဲ့ရတယ်၊ ဒီညလည်း စိတ်ပူတယ် လို့ သမ္မတကြီးကို ပြောကြပါတယ်။
သမ္မတကြီးက ရေပြည့်မှတ်ကျော်လို့ ရေပိုလွှဲကနေ ရေကျော်တာပဲရှိပါတယ်။ အဲဒီအခြေအနေ ကိုလည်း အမြဲအသိပေးနေပါတယ်။ သြ ၁ ရက်နေ့တုန်းက ပေ ၃၀ လောက်ကျော်ခဲ့ပေမယ့် အခုတော့ ၁၁ ပေလောက်ပဲရှိပြီး ဆည်ကြံ့ခိုင်မှုကောင်းပါတယ်လို့ ရှင်းပြခဲ့ပါတယ်။
ပြီးတဲ့အခါ ခင်ဗျားတို့ ဒီည စိတ်ချလက်ချအိပ်ပါ။ ကျွန်တော် ကြီးအုံကြီးဝဆည်ကို သွားစစ်မယ်။ ပြီးရင် ဒီည အဲဒီမှာအိပ်မယ်။ ဆည်ကျိုးရင် ကျွန်တော်အရင် ဒုက္ခရောက်မှာပါလို့ ပြောခဲ့ပါတယ်။
အခု သမ္မတကြီးနဲ့ အတူ ကျွန်တော်တို့ ကြီးအုံ ကြီးဝဆည်မှာရောက်နေပါတယ်။ ဒီည ဒီမှာပဲအိပ်ပါ့မယ်။
ဆည်အခြေအနေအားလုံးကောင်းပါတယ်။ ပွင့်ဖြူမြို့သူမြို့သားများ စိတ်ချလက်ချ အိပ်ကြပါ။
ကျွန်တော်တို့ ဆည်ရေကင်း စောင့်ပေးနေပါတယ်။

0 comments:

Post a Comment