မြိုင် သြဂုတ်
၂၅
မကွေးတိုင်းဒေသကြီး၊
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆိတ်ဆင်းအုပ်စု၊ အိုးပြွန်ကျေးရွာ၌ သြဂုတ် ၂၄ ရက်နေ့ နေ့လည် (၃း၄၅) အချိန်ခန့်က နေအိမ်တွင်လူကြီးများမရှိခိုက်
၎ နှစ် အရွယ် ကလေး ငယ်မှ ဂက်စ်မီးခြစ်အား ဆော့ကစားရာမှ မီးလောင်မှုဖြစ်ပွားကြောင်း
သိရသည်။
မြိုင်မြို့နယ်၊
ဆိတ်ဆင်းအုပ်စု၊ အိုးပြွန်ကျေးရွာနေ နိုင်လင်း၏နေအိမ် ( ၄ x ၃ပင်၊ ၂ထပ်၊ အောက်ထပ်
ထန်းရွက်ကာ၊ အပေါ်ထပ်ပျဉ်ကာ၊ သွပ်မိုး၊ ပျဉ်ခင်းနေအိမ်)အောက်ထပ်တွင် နိုင်လင်း၏
သားဖြစ်သူ သန့်ဇင်ဖြိုး(၄)နှစ်သည် နေအိမ်တွင် လူကြီးများမရှိခိုက် ဂတ်စ်မီးခြစ်အား
ဆော့ကစား ရာမှ နေအိမ် ၊ အောက်ထပ် ကာရံထားသော ထန်းရွက်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ
မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်
မီးသတ်ယာဉ် ၂ စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွာသူ/သား(၃၅)ဦးခန့်မှ
ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ညနေ (၄) နာရီအချိန် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊
အိမ်ရှင်ဦးနိုင်လင်းမှာ မြိုင်မြို့၊ စိုက်ပျိုးရေးဘဏ်သို့ ချေးငွေသွားရောက်
ထုတ်ယူနေကြောင်း၊ ဇနီးဖြစ်သူ မတင်မာဦးမှာ အိုးပြွန်ကျေးရွာတောင်ဘက်၌
နွားကျောင်းနေကြောင်းသိရှိရပြီး နေအိမ်၌ သားဖြစ်သူ တစ်ဦးတည်းသာကျန်ခဲ့ကြောင်း
သိရှိရသဖြင့် ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားသူ သန့်ဇင်ဖြိုးအား မြိုင်မြို့နယ်၊
မြို့မရဲစခန်း(ပ)၉၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ
ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment