Friday, August 14, 2015

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနည်းပေါင်းစုံသွားပြီ။

Bombard the headquarters (ပါတီ)ဌာနချုပ်ကို အမြှောက်နဲ့ ပစ်ကြ ဆိုတာကို တကယ်လိုက်နာတာကကြံ့ခိုင်ရေး ဖြစ်နေတယ်။ အောက်ကလာပစ်တာမဟုတ်ဘူး။ နေပြည်တော်မှာထိုင်
တဲ့သူအချင်းချင်း ပစ်လိုက်တာ။ အဲဒီတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနည်းပေါင်းစုံသွားပြီ။ စစ်တပ်ကအာဏာသိမ်းတယ်။ ထောက်လှမ်းရေးကိုဖြိုခွဲပြီး အာဏာသိမ်းတယ်။ ပါတီတွင်း အာဏာသိမ်းတယ်။ ဘာကျန်ဦးမလဲ?။
လက်ရှိမှာ အရပ်ဘက်က ဆုံးဖြတ်ခွင့်ရတဲ့ အာဏာ ၇၅ ရာခိုင်နှုန်းအတွက် လမ်းကြောင်းက ရွေးကောက်ပွဲရှိတယ်။ ဒီတော့ ရွေးကောက်ပွဲက နတ်ကြီးလာတယ်။ အာဏာရပါတီအတွင်း စေ့စပ်မရတဲ့ အကွဲအပြဲဖြစ်သွားတယ်။ ဒီမိုကရက်ဆိုတဲ့ အတိုက်အခံအကြား မစေ့စပ်တဲ့ အကွဲအပြဲဖြစ်သွားတယ်။
ဒီ အကြပ်အတည်းတွေကြားမှာ အမြတ်အထွက်ဆုံးက ဘယ်သူဖြစ်မယ်ထင်လဲ။
စစ်ဘက်နဲ့ စစ်ဘက်မဟာမိတ်ပြုနိုင်ငံရေးအင်အားစုဟာ အမြတ်ထွက်တဲ့အထဲ ပါပါတယ်။ အရှုံးဆုံးကတော့ အကွဲအပြဲမှာ ရှုံးနိမ့်သွားခဲ့ရသူတွေနဲ့ သူ့ကို မဟာမိတ်ပြုပြီး ဖောက်ထွက်မယ်ဆိုတဲ့ နိင်ငံရေးအင်အားစုပေါ့။ တိုင်းရင်းသားတွေ အင်အားစုတွေအတွက်တော့ နေသာသပ နေသာကဆိုသလိုဖြစ်ပြီး အကောင်းဘက်ဆောင်တဲ့ ရလာဒ်ဖြစ်ပါကြောင်း။

0 comments:

Post a Comment