Tuesday, August 25, 2015

နတ်​​မောက်​မြို့နယ်​​ကျေးလက်​​ ဒေသဖွံ့ဖြိုးတိုးတက်​​ရေးလုပ်​ငန်းများ​ဆောင်​ရွက်​ထားရှိမှုအ​ခြေအ​နေကွင်းဆင်းစစ်​​ဆေး



နတ်​​မောက်​               သြဂုတ်​၂၁
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ​ဆောင်​ရွက်​လျက်​ရှိ​သော​ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းများနှင့်​လမ်း၊တံတားလုပ်​ငန်းများ​ဆောင်​ရွက်​ထားရှိမှုအ​ခြေအ​နေများကိုသြဂုတ်​၂၀ရက်​နံနက်​၉နာရီတွင်​မ​ကွေးခရိုင်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနဦးစီးမှူးဦး​ကျော်​​ဇောဟိန်းနှင့်​တာဝန်​ရှိသူများလိုက်​ပါ၍နတ်​​မောက်​မြို့နယ်​ပိုင်​ခရိုင်​ချင်းဆက်​လမ်းအမှတ်​(၁)ရှိ၂၀၁၅_၂၀၁၆ဘဏ္ဍာ​ရေးနှစ်​အတွင်းပုံစံစီ​ရေ​ကျော်​ပြုပြင်​ခြင်းလုပ်​ငန်း၊ကတ္တရာလမ်းထပ်​ပိုးလွှာခင်းခြင်းလုပ်​ငန်းများနှင့်​ကျွဲတဲရိုး​ရေ​ကျော်​ပြုပြင်​ခြင်းလုပ်​ငန်းများကိုကြည့်​ရှုစစ်​​ဆေးခဲ့ရာမြို့နယ်​ဦးစီးမှူးဦးစိုးမင်းထွန်းမှလုပ်​ငန်း​ဆောင်​ရွက်​မှုများအားရှင်းလင်းတင်​ပြသည်​။
ဆက်​လက်​၍နတ်​​မောက်​မြို့နယ်​ပင်းမြို့​ကျေးရွာတွင်​ Pro Engineering Co.Ld ကုမ္ပဏီမှတာဝန်​ယူ​ဆောင်​ရွက်​ထားသည့်​ပင်းမဟာ​ဗောဓိ​ရွှေ​ညောင်​ပင်​နှင့်​ဘုန်း​တော်​ကြီး​ကျောင်းဝန်းအတွင်း Solar Water Pump တပ်​ဆင်​ခြင်းနှင့်​ဆိုလာမီးလုံးများတပ်​ဆင်​ပြီမီးလင်းခြင်းလုပ်​ငန်းများကိုမ​ကွေးခရိုင်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနဦးစီးမှူး၊မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနဦးစီးမှူးနှင့်​တာဝန်​ရှိသူအဖွဲ့များလိုက်​ပါ၍သွား​ရောက်​ကွင်းဆင်းကြည့်​ရှုစစ်​​ဆေးခဲ့​ကြောင်းသိရသည်​။        ဝင်း​အောင်​(နတ်​​မောက်​)

လှဝင်း

0 comments:

Post a Comment