ပခုက္ကူ သြဂုတ်
၂၁
မကွေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဝင်းကိုကို နှင့်အဖွဲ့သည် သြဂုတ် ၂၀ ရက်နေ့ နံနက်
(၁၁း၄၅)နာရီက သတင်းအရ နှစ်လုံးထီလောင်းကစားပြုလုပ်နေသူ ပခုက္ကူမြို့၊ အမှတ်(၁၅)
ရပ်နေ မစုန်(၄ဝ)နှစ်၏ နေအိမ်အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏ လောင်းကစား ဖမ်းဝရမ်း
အမှတ် (၉/၂ဝ၁၅ )ဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်နေ မစုန်(၄ဝ)နှစ်၏ နေအိမ်
အိပ်ခန်းအတွင်းမှ နှစ်လုံးထီလောင်းကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်
လောင်းကြေးငွေ ၆ဝဝ၅ဝိ/-အား ရှာဖွေသိမ်းဆည်းရမိ သဖြင့် မစုန် အား ပခုက္ကူမြို့နယ်၊
မြို့မရဲစခန်း(ပ)၃၃၄/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment