Ye Htut added 2 new photos. မှ ကူးယူဖော်ပြသည်။
မုန်းချောင်းတစ်လေ
ျှာက်မှာ ရှိတဲ့ ဆည်တမံသုံးခုအနက် မဲဇလီရေလွှဲဆည်က အောက်ဆုံးဆည်
ဖြစ်ပါတယ်။ အဲဒီ ရေလွှဲဆည်က ၁၉ ၁၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့တာပါ။
မိုးရာသီမှာ ရခိုင်ရိုးမပေါ်ကနေ ဆင်းလာတဲ့ မိုးရေများကြောင့် မုန်းချောင်းအတွင်း ရေကြီး ရေလျံမှု များကိုကာကွယ်ဖို့၊ အဲဒီရေများကို သိုလှောင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူပြီး တစ်နှစ်ပတ်လုံး မဲဇလီရေလွှဲဆည်ကနေတဆင့် ရေပေးဝေနိုင်ဖို့အတွက် ၁၉ ၈၈ နောက်ပိုင်းမှာ မုန်းချောင်း တမံနဲ့ ကြီးအုံကြီးဝတမံတို့ကို ထပ်မံတည်ဆောက်ခဲ့တာပါ။
ဒါ့ကြောင့် မိုးရာသီမှာ မုန်းချောင်းအတိုင်းဆင်းလာတဲ့ရေတွေကို မုန်းတမံက ထိန်း၊မုန်းက ကျော်လာတဲ့ရေကို ကြီးအုံကြီးဝက ထိန်းပြီး အဆင့်ဆင့်လွှတ်ပေးတာဖြစ်ပါတယ်။

မုန်းချောင်းပေါ်က မဲဇလီ ရေလွှဲဆည် ဇူလိုင်လ ၃ ရက်နေ့ ရေကျော်နေတဲ့
ပုံကို ကြည့်ရင် ၁၉ ၄၈ ခုနှစ် ရေကြီးစဉ် အမြင့် ဆုံး ရောက်ခဲ့တဲ့
အမှတ်ကို ဆေးနီနဲ့မှတ်သားထားတာတွေ့နိုင်ပါတယ်။
ဒီနှစ် ဇူလိုင်လ ၂၈ ရက်ကနေ သြဂုတ် ၁ ရက်နေ့အထိ ရွာတဲ့မိုးက ၁၉ ၄၈ တုန်းကထက် များတယ် လို့ သိရပါတယ်။
ဒီတော့ အပေါ်မှာရှိတဲ့ ဆည်တမံနှစ်ခုကသာ ရေသိုလှောင်ထိန်းမထားဘူးဆိုရင် အောက်မှာ ဘယ်လောက်အထိ ရေတက်လာမယ်ဆိုတာ မှန်းဆလို့ရပါတယ်။
မုန်းချောင်းတမံက ဒုညွှန်မှူး ဦးမောင်မောင်လွင်၊ ကြီးအုံကြီးဝ တမံက ဒုညွှန်မှူး ဦးရွှေထွန်း တို့ ခေါင်းဆောင်တဲ့ ဆည်မြောင်းဦးစီးဌာနက ၀န်ထမ်းများအားလုံးကိုလည်း အရေးပေါ် အခြေအနေ မှာ တမံတွေ လုံခြုံခိုင်ခန့်အောင် နေ့ည ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် လေးစားကျေးဇူး တင်ကြောင်းပါ။

0 comments:
Post a Comment