Friday, August 28, 2015

ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းမိတ်ဆက်ရှင်းလင်းပွဲကျင်းပ




ပွင့်ဖြူ            သြဂုတ်         ၂၆
          ကျေးလက်နေပြည်သူများဘ၀ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူနေမှုဘ၀ မြင့်မားလာစေရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် LIFT FUND တို့ပူးပေါင်းဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်း မိတ်ဆက်အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သြဂုတ်လ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

          မိတ်ဆက်ပွဲအခမ်းအနားတွင် မြို
့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ဦးစီးအရာရှိ ဦးကျော်ကျော်မှ စီမံချက်ရေးဆွဲသွားမည့် ကျေးရွာများ ၏အချက်အလက် များအားရှင်းလင်းပြောကြားရာတွင် တစ်နိုင်ငံလုံး ကျေးရွာပေါင်း(၁၇၀)ကို စမ်းသပ်၍ ကျေးရွာ ဖွံ့ဖြိုး ရေးစီမံချက်အား ၀န်ထမ်းများမှ ကျေးရွာအရောက် အချက်အလက်များအား ကွင်းဆင်းကောက်ယူမည်ဖြစ်ကြောင်း၊ ပွင့်ဖြူမြို့နယ်အနေဖြင့် မုန်းဇလဲ၊ဇီးတော၊ဖလံကျင်း၊ကံသာကြီး၊လယ်လှကုန်းကျေးရွာ စုစုပေါင်းကျေးရွာ(၅)ရွာကို သြဂုတ်လမှ စက်တင်ဘာလအတွင်း စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊စာရင်းကောက်ယူရာတွင် ထုတ်လုပ်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ အသိပညာဖွံ့ဖြိုးစေမည့် သင်တန်းများ ကဏ္ဍ၊ယဉ်ကျေးမှု ကဏ္ဍ၊ လူငယ်များ၏ကဏ္ဍ များဖြင့် ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

          အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊စာရင်းကောက်ယူမည့်ကျေးရွာ(၅)ရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment