Saturday, August 29, 2015

နတ်​​မောက်​မြို့နယ်​အတွင်းဒု တိယအကြိမ်​ဆင်​ရိုင်းများပြန်​လည်​ဝင်​​ရောက်​လာ၍ဆင်​အန္တရာယ်​ကင်းရှင်း​ရေး​ကျေးရွာများမှသတိ​ပေးနိုး​ဆော်​လျှက်​ရှိ


နတ်​​မောက်​            သြဂုတ်​၂၉

ကျောက်​ပန်း​တောင်း​ညောင်​ဦးမြို့နယ်​နှင့်​နတ်​​မောက်​မြို့နယ်​အတွင်းလှည့်​ပတ်​ဝင်​​ရောက်​သွားလာ​နေ​သော​တောဆင်​ရိုင်း(၆)​ကောင်​မှာဆင်​(၅)​ကောင်​တာကျန်​ရှိ၍သြဂုတ်​၂၈ရက်​နံနက်​ပိုင်းကနတ်​​မောက်​မြို့နယ်​အတွင်းသွားလာ​နေ​ကြောင်းသိရသည်​။
အဆိုပါ​တောဆင်​ရိုင်းများမှာ​ချောင်းနက်​​ကျေးရွာ၊အုတ်​ဖို​ကျေးရွာများရှိ​တောစပ်​များကိုဖြတ်​ပြီးမယ်​ဇလီပင်​​ကျေးရွာနှင့်​ဒီးဒုတ်​ကုန်း​ကျေးရွာနှစ်​ရွာကြားရိုးပြတ်​​တောထဲတွင်​ဆင်​(၅)​ကောင်​​တွေ့ရှိခဲ့ရာဆင်​ကြီး​လေး​ကောင်​နှင့်​ဆင်​ငယ်​တစ်​​ကောင်​တာဖြစ်​ပြီးပဲစဉ်းငုံနှင့်​​ပြောင်းဖူးကြဲထားသည့်​ယာခင်းထဲတွင်​ဝင်​​ရောက်​အစာများစား​နေ​ကြောင်း​တွေ့ရှိရသည်​။အဆိုပါဆင်​များနတ်​​မောက်​မြို့နယ်​အတွင်းသွားလာရာလမ်းတ​လျှောက်​တွင်​​တောသူ​တောင်​သားများမည်​သူ့ကိုမဆိုအန္တရာယ်​မပြုခဲ့​ကြောင်း​တွေ့ရှိရ​သော်​လည်းမ​ကွေးခရိုင်​တာဝန်​ရှိဌာနဆိုင်​ရာအကြီးအကဲများ၊နတ်​​မောက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနှင့်​တာဝန်​ရှိသူများ၊ရဲတပ်​ဖွဲ့ဝင်​များ၊မြို့နယ်​သစ်​​တောဦးစီးဌာနမှသစ်​​တောဦးစီးအရာရှိနှင့်​ဝန်​ထမ်းများ၊သစ်​​တောဝန်​ကြီးဌာနမှတာဝန်​ရှိသူများနှင့်​ဆင်​ထိန်းသိမ်း​ရေးစခန်းအချို့မှတာဝန်​ရှိများလိုက်​ပါလာ၍ဆင်​များဖြတ်​သန်းသွားမည့်​​နေရာများနှင့်​ဆင်​ရိုင်းများ​တွေ့ရှိပါက​ဝေးရာတို့​ရှောင်​ရှားသွားလာရန်​​ပြောကြားခြင်း၊​ကျေးရွာအုပ်​ချုပ်​​ရေးမှူးများမှာလည်းအသံချဲ့စက်​များဖြင့်​သတိ​ပေးနိုး​ဆော်​​နေသည်​ကို​တွေ့ရှိရသည်​။သြဂုတ်​၂၈ရက်​ည​နေငါးနာရီခန့်​တွင်​ရရှိ​သောသတင်းအရအဆိုပါ​တောဆင်ရိုင်းများခို​အောင်း​နေရာသို့သက်​ဆိုင်​ရာဌာနဆင်​အယဉ်​​လေး​ကောင်​ဖြင့်​​ခြောက်​လန့်​​ခေါ်​ဆောင်​ပြီလက်​ရှိ​နေရာမှနတ်​​မောက်​မြို့နယ်​လဲဘူး​ကျေးရွာ၊သပွတ်​ပင်​လမ်း​ကြောင်းမှတဆင့်​မြို့သစ်​မြို့နယ်​အ​ရှေ့ဖျား​ဒေသတဝိုက်​ရှိရိုးမ​တောစပ်​သို့အ​ရောက်​တဆင့်​ခြင်း​မောင်းပို့သွားရန်​​ဆောင်​ရွက်​​နေပြီဖြစ်​​ကြောင်းနတ်​​မောက်​မြို့နယ်​သစ်​​တောဦးစီးအရာရှိဦး​နေမျိုးထွန်းမှ​ပြောကြားခဲ့​ကြောင်းသိရသည်​။    လှဝင်း(iprd)

0 comments:

Post a Comment