မင်းဘူး သြဂုတ်
၂၁
၂၀၁၅
ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့ ည (၈) နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊
မင်းဘူးမြို့နယ်၊ ဘုရားကျေးရွာနေ ကျေးရွာအထောက်အကူပြုအဖွဲ့မှ
ဦးတင်မိုးဝင်း(၄ဝ)နှစ် သည် နေအိမ် တွင်ရှိနေစဉ် တစ်ရွာတည်းနေ မောင်စိုး(၃၇)နှစ်မှ
ရွာလယ်လမ်းမတွင် သောက်စားမူးယစ်ပြီး ဓါးမြှောင်နှင့် လှံကိုင်ကာ
မကြားဝံ့မနာသာအောင်ဆဲဆိုပြီး ဦးတင်မိုးဝင်းအား သတ်ပစ်မည်ဟု ကြိမ်းဝါးသည့် အတွက်
မောင်စိုးအားအရေးယူပေးရန် ၂ဝ.၈.၁၅ ရက်နေ့ ဦးတင်မိုးဝင်းမှ တရားလို
ပြုလုပ်တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း(ပ)၁ဝ၅/၂ဝ၁၅၊
ပြစ်မှုပုဒ်မ ၂၉၄/၅ဝ၆ အရလည်းကောင်း၊ ကျေးရွာအတွင်း ရွာလယ်လမ်းမပေါ်တွင်
အရက်သေစာသောက်စား မူးယစ်ပြီး ဓါးမြှောင်နှင့် လှံကိုင်ကာ ရမ်းကားနေကြောင်း
စစ်ဆေးပေါ်ပေါက်ချက်အရ မင်းဘူးမြို့နယ်၊ စကု နယ်မြေရဲစခန်း (ပ)၁ဝ၆/၂ဝ၁၅၊
လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ လည်းကောင်း အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း
သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment