Wednesday, August 5, 2015

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီးမူလအခြေအနေသို့ရောက်ရှိရေး ညှိနှိုင်းဆောင်ရွက်






မင်းဘူး သြဂုတ် ၎
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် တာဝန်ရှိသူများသည် သြဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းကပွင့်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတွင်ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရေဘေးသင့်ပြည်
သူများအတွက်အရေးပေါ်ကျန်းမာရေးဆေးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ဒေသခံပြည်သူများအား
 ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရေဘေးတွင် ပါဝင်သော ဒေသခံ ကျန်းမာရေးဝန်ထမ်းများ အမြန်ဆုံး ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးတို့အတွက် တာဝန်ရှိသူများကို ညှိနှိုင်း မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ပွင့်ဖြူအခြေခံပညာအထက်တန်းကျောင်းကိုလည်း အမြန်ဆုံးဖွင့်လှစ် ပညာ သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။ ယင်းနောက် ဆေးရုံအတွင်း တက်ရောက်ကုသ နေသည့် လူနာများအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပါသည်။
ထို့နောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့ စည်ပင်သာယာရေး ဈေးသန့်ရှင်းရေးဆောင်ရွက်မှုနှင့် မြို့တွင်းတင်ကျန်နေသည့် ရေအိုင်နှင့် နှုံးများရှင်းလင်းဖော်ထုတ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။ ထို့မှတစ်ဆင့် ရှောက်တောကျေးရွာတွင် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပြီး သန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များကိုအမြန်ဆုံးဆောင်ရွက် ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး
 ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းများကို အချိုးညီမျှတစွာ စနစ်တကျထောက်ပံ့ဖြန့်ဝေပေးရေးကိုလည်း တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
၎င်းနောက်ပွင့်ဖြူမြို့စိုက်ပျိုးရေးသိပံကျောင်းသို့ရောက်ရှိကာ ဆရာ/ဆရာမများ၊
 ကျောင်းသား/သူများ နှင့် တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများနှင့် ငွေကျပ်(၅)သိန်းပေးအပ်ခဲ့ပြီး၊ ကျောင်းသား/သူများ အမြန်ဆုံး စာသင်ကြားနိုင်ရေးဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းတော်ရာဘုရား ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား နေထိုင်စားသောက်ရေး
ကိစ္စရပ်များကို တွေ့ဆုံမေးမြန်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ် ဒေသခံပြည်သူများကလည်း ၀မ်းပန်းတသာ ရှိကြကြောင်းသိရသည်။
ရေလွှမ်းမိုးခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့သော ပွင့်ဖြူမြို့အနီး စံပြကျေးရွာ၊ ကံသာကြီး ကျေးရွာတို့တွင် လျှပ်စစ်မီးများပြန်လည်ရရှိနေပြီဖြစ်ကာ ပွင့်ဖြူမြို့ပေါ်တွင်လည်း လျှပ်စစ်မီး ပြန်လည်ရရှိရေးကိုလည်း လျှပ်စစ်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment