စေတုတ္တရာ သြဂုတ် ၂၁
မုန်းချောင်းရေကြီးမှုများကြောင့်
စေတုတ္တရာမြို့ပေါ်ရှိ နေအိမ်များနှင့် လမ်းများပေါ်တွင် ရွှံ့နွံသဲ နှုန်းများနှင့် အမှိုက်များ
တင်ကျန်ရစ်ခဲ့ရာ မြို့ပေါ်နေပြည်သူများ သွားလာရေးခက်ခဲနေ၍ သန့်ရှင်းရေးလုပ်ငန်းများကို
သြဂုတ်လ(၂၀)ရက်နေ့ နံနက်(၇)နာရီတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။
သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို
မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့မှ
ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့ပေါ် ရပ်ကွက်များမှ
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ပူးပေါင်းဆောင်ရွက်
ကြပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် သယ်ယူဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment