Friday, August 28, 2015

တရားမ၀င်လောင်းကစားပြုလုပ်သူကို အရေးယူ




ဆိပ်ဖြူ     သြဂုတ်     ၂၆
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၂၅ ရက်နေ့ ညနေ (၃)နာရီ အချိန်ခန့်တွင် သတင်းအရ သက်သေများနှင့်အတူ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၁၁/၂၀၁၅)ဖြင့် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်နေသူ ဦးထွန်းဝေ (၅၁)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးထွန်းဝေနှင့် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်နေသူ ဦးဝင်းရွှေ(၆၇)နှစ် တို့အား တွေ့ရှိရပြီး ဦးထွန်းဝေ၏ နေအိမ် မီးဖိုခန်းရှိ ကြောင်အိမ်ပထမ အဆင့်မှ နှစ်လုံး ထီ လောင်းကစားရာတွင် အသုံးပြုသော ပလပ်စတစ် ခြင်းအပြာ အသေး(၁)လုံးနှင့် ခြင်းအတွင်း ထည့်ထားသည့် ငွေစက္ကူရောရာ ၄၃၁၆၅၀ိ/-၊ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ တွေ့ရှိရပြီး ဦးထွန်းဝေအိပ်သည့် ကုတင်ပေါ်တွင် RAINBOW ဆပ်ပြာဗူးခွံအတွင်း ထည့်ထားသည့် ငွေစက္ကူရောရာ ၂၁၄၀၀ိ/-၊ နှစ်လုံးထီ လောင်းကစား စာရွက်စာတမ်း များနှင့် ဆက်စပ်ပစ္စည်းများ၊ ဦးထွန်းဝေ ကိုင်ဆောင်သည့် CDMA ဆင်းကဒ်ပါ HUAWEI အဖြူရောင် ဖုန်း(၁)လုံး၊ GSM ဆင်းကဒ်ပါ Telenor အနက်ရောင် ဖုန်း(၁)လုံးအား တွေရှိသိမ်းဆည်းရမိပြီး နှင့် ဦးထွန်းဝေ နေအိမ်တွင် ရောက်ရှိနေသော ဦးဝင်းရွှေအား ဆက်လက် စစ်ဆေးရာ ၎င်းထံမှ နှစ်လုံးထီဂဏန်းများ ရေးသားတွက်ချက်ထားသော ဗလာစာရွက် အပိုင်း (၁)ရွက်နှင့် ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူရောရာ ၂၁၀၀ိ/-၊ (စုစုပေါင်း လောင်းကြေးငွေ -၄၅၅၁၅၀ိ/-) တို့အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ဦးထွန်းဝေနှင့် ဦးဝင်းရွှေတို့အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၉/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment