သရက် သြဂုတ်
၂၂
သြဂုတ်
၂၁ ရက် နံနက် (၉) နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊
ပိတောက်ပင်ကျေးရွာတွင် ရေနံခပ်ရန်အတွက် တရုတ်နီအင်ဂျင် (၂၂)ကောင် အားနှိုးစဉ်
အိတ်ဇောပိုက်မှထွက်သောမီးမှတစ်ဆင့် မီးစက်ထားသည့် မြေစိုက်တဲတစ်လုံးနှင့်
ပစ္စည်းများမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာနေဦးပုချို(ခ)စိုးနိုင်၊ ၄၂နှစ်ပိုင်ဆိုင်သည့်
ယာမြေတွင် ပခုက္ကူ မြို့နယ်၊ ကမ္မကျေးရွာနေ ရေနံကျင်းပိုင်ရှင် ဦးမြင့်စိုး(၃၅)နှစ်
ပိုင်ဆိုင်သည့် ရေနံကျင်း၌ ဆီခပ်လုပ်သားဖြစ်သူ ပိတောက်ပင်ကျေးရွာနေ မိုးဝင်း(၃၃)နှစ်မှ
ရေနံခပ်ရန်အတွက် တရုတ်နီအင်ဂျင်(၂၂)ကောင်အားနှိုးစဉ် အိတ်ဇောပိုက်မှထွက်သောမီးဖြင့်
မီးစက်ထားသည့် လူနေသော ၁၂ ပေပတ်လည် သက္ကယ်မိုး၊ ဝါးထရံကာ ၊ မြေစိုက်တဲ(၁)လုံး၊
အသုံးပြုလျှက်ရှိသော (၂၂)ကောင် တရုတ်နီအင်ဂျင်စက်နှင့် စက်ကလပ်ခုံ(၁)စုံ၊
အသုံးမပြုတော့သည့် တရုတ်နီအင်ဂျင်စက် အဟောင်း(၄)လုံး၊ဒိုင်နမို(၁)လုံး၊ကွန်ပရက်ဆာ
(၁)လုံးနှင့်ရေနံစိမ်းထည့်လျှက်ပေပါ (၃)လုံးတို့အား မီးကူးစက်ပြီး ဝ၈၃၅ အချိန်
မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးဝန်းကျင်ရှိ ရွာသူ/သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်
မီးသတ်တပ်ဖွဲ့ဝင်တို့မှ ဝိုင်းဝန်းမီးငြိမ်းသတ်ရာ ဝ၉ဝဝ အချိန်တွင်
မီးငြိမ်းသွားခဲ့ပြီး စုစုပေါင်းတန်ဖိုး ၂,၃၉ဝ,ဝဝဝိ/-ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ
မိုးဝင်းတွင် ဝဲ/ယာ လက်ဖျံမီးဟပ်ဒဏ်ရာ၊ ခါးအောက်ပိုင်း မီးဟပ်၊ ဝဲ/ယာ ခြေနှစ်ဖက်
မီးလောင်ဒဏ်ရာများရရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးဝင်းအား သရက်မြို့နယ်၊
မြို့မရဲစခန်း (ပ)၁၆၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅/၃၃၇ အရ လည်းကောင်း၊ အမှုအား
စစ်ဆေးရာ ရေနံတွင်းမှာ စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ
တရားမဝင်ရေနံတူးဖော် လုပ်ကိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့်
ရေနံတူးဖော်ခွင့်ပြုသူ သရက်မြို့နယ်၊ ပိတောက်ပင် ကျေးရွာနေယာပိုင်ရှင်
ဦးပုချို(ခ)စိုးနိုင်၊ ၄၂နှစ်နှင့် ရေနံတူးဖော်လုပ်ကိုင်သူ ပခုက္ကူမြို့နယ်၊
ကမ္မကျေးရွာနေ ၊ ရေနံကျင်းပိုင်ရှင်ဦးမြင့်စိုး(၃၅)နှစ်တို့အား သရက်မြို့နယ်၊
မြို့မရဲစခန်း (ပ)၁၆၂/၂ဝ၁၅ ၊နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းဥပဒေပုဒ်မ ၉ အရ
လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment