Wednesday, August 26, 2015

လောင်းကစားပြုလုပ်နေသူအား အမှုဖွင့်အရေးယူ




သရက်     သြဂုတ်     ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင့်နိုင်နှင့်တပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၄ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် ပိတောက်ပင်ရေနံမှော်ဟောင်း၌ လောင်းက စားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူပိတောက်ပင်ရေနံမှော်ဟောင်း ၌ နေထိုင် လျှက်ရှိသော သရက်မြို့နယ်၊ ပိတောက်ပင်ရေနံမှော်နေ မမိုးမိုး(ခ)လှမိုးသွယ်၊ ၄၄နှစ်၏ နေအိမ် အား သရက်ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁/၂ဝ၁၅) ဖြင့် ဝင်ရောက် ရှာဖွေ ခဲ့ရာ မမိုးမိုး(ခ)လှမိုးသွယ်အား လောင်းကစား စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ (၁၆၄,၃ဝဝိ/-)နှင့် အတူတွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံး/ သုံးလုံးထီ လောင်းကစား ပြုလုပ်သူ မမိုးမိုး(ခ)လှမိုးသွယ်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၆၆/၂ဝ၁၅၊ လောင်း ကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။

မောင်ညီညာ(မြေလက်)

0 comments:

Post a Comment