Tuesday, August 25, 2015

မင်းဘူး(စကု)မြို့နယ်တွင် ရေဘေးသင့်တောင်သူများအား မျိုးစပါးထောက်ပံ့




မင်းဘူး     သြဂုတ်     ၂၂
        မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၅ခုနှစ် ဇူလိုင်လအတွင်း မိုးအဆက်အပြတ်ရွာသွန်းခဲ့ခြင်း ကြောင့် မန်းချောင်းနှင့်ဧရာဝတီမြစ်ရေကြီးပြီး သီနှံစိုက်ခင်းများ ရေကြီးနစ်မြုတ်မှုများ ဖြစ်ပေါ် ခဲ့သည်။

          အဆိုပါ ရေကြီးနစ်မြုတ်ထိခိုက်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများအနက်မှ ၂၀၁၅-၂၀၁၆ခုနှစ် မိုးစပါးများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မင်းဘူး(စကု)မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့၏ အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အခြေစိုက် ရတနာဧရာ ကျေးလက်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ၁၉၉၄-၁၉၉၅ခုနှစ် စီးပွားရေးတက္ကသိုလ်ဘွဲ့ရများ အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ချမ်းမြရေကြည်ပရဟိတအသင်းအဖွဲ့များထံမှ အကူ အညီရယူ၍ မျိုးစပါးထောက်ပံ့ပေးအပ်ခြင်းများကို ယနေ့ နံနက် ၉နာရီက မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောက်စံ၊ကံသစ်၊ကံကုလား၊ပေါင်းရွာ၊လက်ခုပ္ပင်၊အလံပါယ်၊မယ်ဘေ့ကုန်း၊သနပ္ပင်စုနှင့် ပေါက်ငူ ကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စုပေါင်း(၉)အုပ်စုမှ တောင်သူပေါင်း (၃၂၂)ဦးအား မျိုးစပါး (၃၆၀)တင်း ထောက်ပံ့ကူညီပေးခဲ့သည်။
          မျိုးစပါးထောက်ပံ့ပေး
အပ်ပွဲသို့မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊မင်းဘူး(စကု)မြို့နယ်အုပ် ချုပ်ရေးမှူး၊မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊အလှူရှင်အဖွဲ့အစည်းများ၊ရေဘေးသင့်ခံရသော ကျေးရွာအုပ်စု(၉)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တောင်သူလယ်သမားများ တက်ရောက်ခဲ့ ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment