Wednesday, August 26, 2015

ပဲတီစိမ်းအသီးများ ခူးဆွတ်ရောင်းချရ၍ အညာမြေ တောင်သူများ ၀င်ငွေတိုးပြီး စားဝတ်နေရေး အဆင်ပြေ


မြိုင်-သြဂုတ်-၂၁

        အညာမြေဒေသ မကွေးတိုင်းဒေသကြီး၊ ပခုက်္ကူခရိုင်၊ ပခုက်္ကူမြို့နယ်
နှင့်မြိုင်မြို့နယ်တို့တွင် ဇွန်လ စတုတ်္ထပတ်အတွင်းက မိုးများ ရွာသွန်း၍ ပဲတီစိမ်းများ
စိုက်ပျိုးခဲ့ကြရာ-ယခုအခါ ပဲတီစိမ်းပင်များ အသီးအပွင့်များနှင့်ဝေဆာအောင်မြင်
နေပြီး အသီးများ ရင့်မှည့် ခြောက်သွေ့နေပြီဖြစ်၍ သြဂုတ် တတိယပတ်တွင် တောင်သူများအနေဖြင့် ပဲတီစိမ်းအသီးများ ခူးဆွတ်ပြီး အစေ့များပြုလုပ်၍ ရောင်းချနေကြပြီဖြစ်သည်။  (ပုံ)
        မြေတစ်ဧကလျှင် ပဲတီစိမ်း (၂)ပြီ (သို့မဟုတ်) (၂)ပြီ ၄ဗူး စိုက်ပျိုး
ကြရပြီး၊ စိုက်ပျိုးပြီးမှ အသီးများ ခူးဆွတ်ချိန်အထိ နှစ်လ(သို့မဟုတ်)နှစ်လခွဲမျှ ကြာ၍ မိုးရွာသွန်းမှု အဆင်ပြေပါက မြေတစ်ဧကလျှင် ပဲတီစိမ်း တင်း(၁၀)နှင့် အထက် ရရှိပြီး ယနေ့ ပခုက်္ကူမြို့ ကုန်သည်ပွဲရုံကြီးများသို့ ရောင်းချကြရာ- ပဲတီစိမ်း
တစ်တင်းလျှင် ငွေကျပ်(၃၈၅၀၀ိ/-)(သုံးသောင်းရှစ်ထောင်ငါးရာကျပ်တိတိ/-)
ရောင်းချရ၍ တောင်သူ ဦးကြီးများ စားဝတ်နေရေး အဆင်ပြေရုံသာမက အလှူအတန်းများပါ လှူဒါန်းနိုင်ကြကြောင်း မြိုင်မြို့နယ် ၀က်ကျကျေးရွာမှ တောင်သူ ဦးမောင်လွန်း၏ သမီးက ပြောပြ၍ သိရသည်။
     အောင်ကျော်မြင့်
                           

0 comments:

Post a Comment