Wednesday, August 26, 2015

ပခုက်္ကူမြို့နယ်တွင် သိမ်းဆည်းခံ လယ်ယာမြေများအား မူလတောင်သူများ လက်ဝယ်ယာယီ လုပ်ကိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃)ပေးအပ်


ပခုက်္ကူ-သြဂုတ်-၂၄
   
    မကွေးတိုင်းဒေသကြီး၊ ပခုက်္ကူမြို့နယ် ၊ မြစ်ခြေကျေးရွာအုပ်စုနှင့်ညောင်လှကျေးရွာ
အုပ်စုများမှ သိမ်းဆည်းခံ လယ်ယာမြေ(၂၁၁၂.၂၈)ဧကအား မူလတောင်သူ(၄၄၃)ဦး
လက်ဝယ်သို့ ယာယီလုပ်ကိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃)ထုတ်ပေးသည့် ပြန်လည် လွှဲပြောင်း
ပေးအပ်ပွဲကို သြဂုတ် ၂၄ရက်နေ့ နံနက် ၉နာရီ ၄၅မိနစ်က ပခုက်္ကူမြို့ ပြည်သာယာခန်းမ၌
ကျင်းပပြုလုပ်သည်။
        အဆိုပါ ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ သစ်တော၊သတ်္ထုနှင့်စွမ်းအင်
ဝန်ကြီး ဦးသိန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်မြေအသုံးချရေး စီမံခန့်ခွဲရေး
ကော်မတီ အတွင်းရေးမှူး ဦးအေးဟောက်ဆွမ်းမာန်က သိမ်းဆည်းခံ လယ်ယာမြေများအား
တောင်သူဦးကြီးများထံသို့ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)များ ထုတ်ပေးရခြင်း
အကြောင်းကို အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
        ထို့နောက် မကွေးတိုင်းဒေသကြီး၊ သစ်တော သတ်္ထုနှင့်စွမ်းအင်ဝန်ကြီးမှ မြစ်ခြေကျေးရွာအုပ်စု တောင်သူများကိုယ်စား ဦးဝင်းနိုင် ထံသို့လည်းကောင်း၊ ခရိုင်မြေ
အသုံးချရေး စီမံခန့်ခွဲရေးကော်မတီ ဥက်္ကဋ္ဌ ဦးကိုကိုလွင် မှ ညောင်လှကျေးရွာအုပ်စု တောင်သူများကိုယ်စား ဦးမြစိုး ထံသို့လည်းကောင်း၊ မြို့နယ်မြေအသုံးချရေး စီမံခန့်ခွဲရေး
ကော်မတီဥက်္ကဋ္ဌ ဦးမြင့်ခိုင် မှ ညောင်လှကျေးရွာအုပ်စု တောင်သူများကိုယ်စား ဦးကောင်းကြွယ် ထံသို့လည်းကောင်း ပေးအပ်ကြပြီး တောင်သူဦးကြီးများကိုယ်စား ညောင်လှကျေးရွာမှ ဦးမြစိုးက ကျေးဇူးတင်စကား ပြောကြားသည်။
        အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သစ်တော၊သတ်္ထုနှင့်စွမ်းအင်ဝန်ကြီး
ဦးသိန်းထွန်း၊ ခရိုင်မြေအသုံးချရေး စီမံခန့်ခွဲရေး ကော်မတီဥက်္ကဋ္ဌ ဦးကိုကိုလွင်၊ အတွင်းရေးမှူး ဦးအေးဟောက်ဆွမ်းမာန်၊ မြို့နယ်မြေ အသုံးချရေး စီမံခန့်ခွဲရေးကော်မတီ
ဥက်္ကဋ္ဌ ဦးမြင့်ခိုင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြစ်ခြေ၊ ညောင်လှ
ကျေးရွာအုပ်စုများမှ တောင်သူဦးကြီး(၄၄၃)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

                            အောင်ကျော်မြင့်
                        

0 comments:

Post a Comment