This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, August 31, 2015
ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်ပေး
နတ်မောက်              သြဂုတ် ၃၁
နတ်မောက်မြို့နယ်ပြန်ကြားရေးနှ
င့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြည်သူများအအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက်ရွေ့လျားစာကြည့်တိုက်(Mobile library)လုပ်ငန်းများတစ်လလျှင်လေးကြိမ်ရပ်ကွက်များကျေးရွာများသို့အလှည့်ကျငှားရမ်းပေးလျှက်ရှိပါသည်။ပညာရေးဌာနနှင့်ပူးပေါင်းပြီးစာဖတ်ရှိန်မြှင့်တင်ရေးလုပ် ငန်းများလည်းဆောင်ရွက်ပေးလျှက်ရှိရာအောင်ဆန်း  (အ.လ.က) ကျောင်းတွင်ယမန်နေ့မွန်းလွဲ(၂)နာရီက နယ်လှည့်၊နံရံကပ်၊ဓါတ်ပုံ၊ဟောပြောပွဲများဆောင်ရွက်ခဲ့ပြီသုတရသ(၂၅၀) အုပ်ကိုခင်းကျင်းပြသငှားရမ်းခဲ့ပြီး ကလေးများမှလည်းဖတ်ရှုပြီးသောစာအုပ်များကိုပြန် လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
                                         လှဝင်း
နတ်​​မောက်​မြို့နယ်​၌ဗုဒ္ဓဘာသာ ယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း​တော်​ဖွင့်​ပွဲကျင်းပ
နတ်​​မောက်​               သြဂုတ်​ ၃၁
မြန်​မာနိုင်​ငံလုံးဆိုင်​ရာဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာပြန့်​ပွား​ရေးဗဟိုအဖွဲ့ခွဲ(၁)မှကြီးကြပ်​မှုဖြင့်​နတ်​​မောက်​မြို့ဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း​တော်​တမာပင်​ဘုန်း​တော်​ကြီး​ကျောင်းတိုက်​၊ရန်​​အောင်​မြင်​မကျီး​တောဘုန်း​တော်​ကြီး​ကျောင်းတိုက်​နှင့်​စည်​သာစန်း​တောဘုန်း​တော်​ကြီး​ကျောင်းတိုက်​များသို့သြဂုတ်​၃၀ရက်​ကဓမ္မ​ကျောင်း​တော်​ဖွင့်​ပွဲအခမ်းအနားများပြုလုပ်​ခဲ့​ကြောင်းသိရသည်​။
အဆိုပါအခမ်းအနားများသို့​တောင်​တွင်းကြီးမြို့ဘုံ​ကျော်​​ကျောင်းဆရာ​တော်​ဦးဝိလာသ၊မြို့နယ်​သံဃာ့နာယကဥက္ကဌဆရာ​တော်​ဦးဝါယမနှင့်​ဆရာ​တော်​များမှဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း(၃)​ကျောင်းဖွင့်​ပွဲအခမ်းအနားများသို့ဓမ္မ​ကျောင်း​တော်​ဖွင့်​လှစ်​ရခြင်း၏ရည်​ရွယ်​ချက်​များနှင့်​တိုင်းပြည်​ရဲ့အနာဂတ်​ကိုပိုင်​ဆိုင်​ထားကြတဲ့လူငယ်​​မောင်​မယ်​​တွေယဉ်​​ကျေးလိမ္မာပြီးစာရိတ္တမဏ္ဍိုင်​မြင့်​မားကာအမျိုးဘာသာသာသနာ​တော်​ကိုချစ်​မြတ်​နိုးတတ်​တဲ့လူ​တော်​လူ​ကောင်း​တွေ​ပေါ်ထွန်းလာ​စေဖို့မြွတ်​ကြား​ပေးခဲ့ပြီးအလှူရှင်​များကဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း(၃)​ကျောင်းသို့ပုံဆွဲစာအုပ်​ဝါ၊စိမ်း၊နီ၊ပြာစာအုပ်​များ၊ဗလာစာအုပ်​များ၊အ​ခြေခံဖတ်​စာအုပ်​များ၊ဖတ်​စာ(၁)၊ဖတ်​စာ(၂)များ၊ဦးချနည်းဗွီနိုင်းများနှင့်​ဆရာကိုင်​စာအုပ်​များ​ပေးအပ်​လှူဒါန်းခဲ့ပြီးမြို့​ပေါ်ရှိတမာပင်​ဘုန်း​တော်​ကြီး​ကျောင်းတိုက်​ဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်းသား\သူ(၃၁၅)ဦး၊ရန်​​အောင်​မြင်​မကျီး​တောဘုန်း​တော်​ကြီး​ကျောင်းတိုက်​​ကျောင်းသား\သူ(၁၅၀)ဦးနှင့်​စည်​သာ​ကျေးရွာစန်း​တောဘုန်း​တော်​ကြီးသင်​ပညာ​ရေးမူလွန်​​ကျောင်း၊​ကျောင်းသား\သူ(၁၅၆)ဦးတို့မှတက်​​ရောက်​မည့်​သင်​တန်းသား\သူ​လေးများဖြစ်​သည်​။
ထို့​နောက်​အခမ်းအနားသို့မြန်​မာနိုင်​ငံလုံးဆိုင်​ရာဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာပြန့်​ပွား​ရေးဗဟိုအဖွဲ့ခွဲ(၁)မှဆရာ​တော်​များနှင့်​အလှူရှင်​များ၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနှင့်​ဌာနဆိုင်​ရာများ၊မြို့နယ်​ဓမ္မ​ကျောင်း​တော်​ဖြစ်​​မြောက်​​ရေး​ကော်​မတီဥက္ကဌနှင့်​​ကော်​မတီဝင်​များ၊​ကျောင်းသား\သူများ၊ဆရာ၊ဆရာမများနှင့်​​ကျေးရွာပြည်​သူများတတ်က်​​ရောက်​ကြ​ကြောင်းသိရသည်​။                   လှဝင်း(iprd)
လှဝင်း
Sunday, August 30, 2015
မြေလတ်ဂျာနယ် PDF ဖိုင်များဒေါင်းလုပ်ဆွဲယူပြီး ဖတ်ရှုနိုင်ပါသည်။ အတွဲ(၁)၊ အမှတ်(၁၄) စက်တင်ဘာ ၁ ရက်နေ့ထွက်ပါပြီ..
http://www.mediafire.com/download/hi3s0226c3ymxsr/Vol.1%2CNo.10.pdf
http://www.mediafire.com/download/gci1ted1rcelrly/Vol.1%2C+No.11.pdf
http://www.mediafire.com/download/qguzdy978osjylo/vol+1+No.12.pdf
http://www.mediafire.com/download/3cbjb8g0te332n8/Vol.1%2CNo.13.pdf
အတွဲ(၁)၊ အမှတ်(၁၀) မှစတင်၍ အတွဲ(၁)၊ အမှတ်(၁၄) ထိ မြေလတ်ဂျာနယ် ထွက်ရက်များ ကြိုတင်မထွက်နိုင်ခဲ့ခြင်းအား စာဖတ်ပရိသတ်များကို လေးစားစွာ တောင်းပန်အပ်ပါသည်။
 လစဉ် အင်္ဂလိပ်လ ၁ ရက်နေ့နှင့် ၁၆ ရက်နေ့ ထွက်ရက်များကို ကြိုတင်ထွက်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါသည်။ ထွက်ရက်နောက်ကျခြင်း၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်း တို့ကြောင့် မြို့နယ်များသို့ အရောက်နောက်ကျ၍ ဂျာနယ်များ နှစ်ပတ်တစ်ကြိမ်(၂)စောင်တွဲ ပေါင်းပြီး ဖြန့်ချိခဲ့ရသော မြို့နယ်များရှိ စာဖတ်ပရိသတ်များကိုလည်း လေးစားစွာတောင်းပန်အပ်ပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချုပ်
မြေလတ်ဂျာနယ်
Friday, August 28, 2015
နတ်​​မောက်​မြို့နယ်​အတွင်းဒု တိယအကြိမ်​ဆင်​ရိုင်းများပြန်​လည်​ဝင်​​ရောက်​လာ၍ဆင်​အန္တရာယ်​ကင်းရှင်း​ရေး​ကျေးရွာများမှသတိ​ပေးနိုး​ဆော်​လျှက်​ရှိ
နတ်​​မောက်​            သြဂုတ်​၂၉
ကျောက်​ပန်း​တောင်း​ညောင်​ဦးမြို့နယ်​နှင့်​နတ်​​မောက်​မြို့နယ်​အတွင်းလှည့်​ပတ်​ဝင်​​ရောက်​သွားလာ​နေ​သော​တောဆင်​ရိုင်း(၆)​ကောင်​မှာဆင်​(၅)​ကောင်​တာကျန်​ရှိ၍သြဂုတ်​၂၈ရက်​နံနက်​ပိုင်းကနတ်​​မောက်​မြို့နယ်​အတွင်းသွားလာ​နေ​ကြောင်းသိရသည်​။
အဆိုပါ​တောဆင်​ရိုင်းများမှာ​ချောင်းနက်​​ကျေးရွာ၊အုတ်​ဖို​ကျေးရွာများရှိ​တောစပ်​များကိုဖြတ်​ပြီးမယ်​ဇလီပင်​​ကျေးရွာနှင့်​ဒီးဒုတ်​ကုန်း​ကျေးရွာနှစ်​ရွာကြားရိုးပြတ်​​တောထဲတွင်​ဆင်​(၅)​ကောင်​​တွေ့ရှိခဲ့ရာဆင်​ကြီး​လေး​ကောင်​နှင့်​ဆင်​ငယ်​တစ်​​ကောင်​တာဖြစ်​ပြီးပဲစဉ်းငုံနှင့်​​ပြောင်းဖူးကြဲထားသည့်​ယာခင်းထဲတွင်​ဝင်​​ရောက်​အစာများစား​နေ​ကြောင်း​တွေ့ရှိရသည်​။အဆိုပါဆင်​များနတ်​​မောက်​မြို့နယ်​အတွင်းသွားလာရာလမ်းတ​လျှောက်​တွင်​​တောသူ​တောင်​သားများမည်​သူ့ကိုမဆိုအန္တရာယ်​မပြုခဲ့​ကြောင်း​တွေ့ရှိရ​သော်​လည်းမ​ကွေးခရိုင်​တာဝန်​ရှိဌာနဆိုင်​ရာအကြီးအကဲများ၊နတ်​​မောက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနှင့်​တာဝန်​ရှိသူများ၊ရဲတပ်​ဖွဲ့ဝင်​များ၊မြို့နယ်​သစ်​​တောဦးစီးဌာနမှသစ်​​တောဦးစီးအရာရှိနှင့်​ဝန်​ထမ်းများ၊သစ်​​တောဝန်​ကြီးဌာနမှတာဝန်​ရှိသူများနှင့်​ဆင်​ထိန်းသိမ်း​ရေးစခန်းအချို့မှတာဝန်​ရှိများလိုက်​ပါလာ၍ဆင်​များဖြတ်​သန်းသွားမည့်​​နေရာများနှင့်​ဆင်​ရိုင်းများ​တွေ့ရှိပါက​ဝေးရာတို့​ရှောင်​ရှားသွားလာရန်​​ပြောကြားခြင်း၊​ကျေးရွာအုပ်​ချုပ်​​ရေးမှူးများမှာလည်းအသံချဲ့စက်​များဖြင့်​သတိ​ပေးနိုး​ဆော်​​နေသည်​ကို​တွေ့ရှိရသည်​။သြဂုတ်​၂၈ရက်​ည​နေငါးနာရီခန့်​တွင်​ရရှိ​သောသတင်းအရအဆိုပါ​တောဆင်ရိုင်းများခို​အောင်း​နေရာသို့သက်​ဆိုင်​ရာဌာနဆင်​အယဉ်​​လေး​ကောင်​ဖြင့်​​ခြောက်​လန့်​​ခေါ်​ဆောင်​ပြီလက်​ရှိ​နေရာမှနတ်​​မောက်​မြို့နယ်​လဲဘူး​ကျေးရွာ၊သပွတ်​ပင်​လမ်း​ကြောင်းမှတဆင့်​မြို့သစ်​မြို့နယ်​အ​ရှေ့ဖျား​ဒေသတဝိုက်​ရှိရိုးမ​တောစပ်​သို့အ​ရောက်​တဆင့်​ခြင်း​မောင်းပို့သွားရန်​​ဆောင်​ရွက်​​နေပြီဖြစ်​​ကြောင်းနတ်​​မောက်​မြို့နယ်​သစ်​​တောဦးစီးအရာရှိဦး​နေမျိုးထွန်းမှ​ပြောကြားခဲ့​ကြောင်းသိရသည်​။    လှဝင်း(iprd)
မကွေးတိုင်းဒေသကြီးလူငယ်ဖိုရမ် အလွှာစုံလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲကျင်းပ
မကွေး     သြဂုတ်     ၂၈
          မကွေးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့် ၂၀၁၅ခုနှစ် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် မကွေးတိုင်းဒေသကြီးလူငယ်ဖိုရမ် အလွှာစုံလူငယ်များ တွေ့ဆုံဆွေး နွေးနှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားသို့  တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ အလွှာစုံအသီးသီးမှလူငယ်များနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။
          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး လူငယ်ရေးရာနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက် ညှိနှိုင်းရေးမှူး မဖြူနှင်းအေးမှ  ၂၀၁၅ခုနှစ် မကွေးတိုင်းဒေသကြီးလူငယ်ဖိုရမ်တွေ့ဆုံပွဲပြု လုပ်ရခြင်း၏ ရည်ရွယ်ချက်များအား အကျယ်တ၀ံ့ ရှင်းလင်းတင်ပြပြီး သုံးရက်တာ လူငယ်တွေ့ဆုံ ပွဲတွင် ထည့်သွင်းဆွေးနွေးမည့် အစီအစဉ်များအား ဖတ်ကြားးတင်ပြခဲ့သည်။
          ယနေ့ပြုလုပ်သော  ၂၀၁၅ခုနှစ် နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ် မကွေးတိုင်း ဒေသကြီးလူငယ်ဖိုရမ် အလွှာစုံလူငယ်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
နတ်မောက်-ပျော်ဘွယ်ကားလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦး သေဆုံး
နတ်မောက်       သြဂုတ်      ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၇ ရက်နေ့ နေ့လည် (၂း၅၅) နာရီ အချိန်ခန့်က နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် ၃၉/၄ နှင့် ၃၉/၅ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်နေသူ ယာဉ်မောင်း ဦးမြင့်ဆွေ (၅၅)နှစ် မောင်းနှင်သော ယာဉ်အမှတ် 7C/xxxxx SURF ခဲရောင် မော်တော်ယာဉ်နှင့် နတ်မောက်မှ ပျော်ဘွယ်ဘက် သို့ နတ်မောက်မြို့နယ်၊ နဘူးကွဲကျေးရွာနေသူ ဖြိုးကျော် (၂၂)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ မသန်းနု(၄၅)နှစ် လိုက်ပါလာသော ၃၇ယ/xxxxx TAYAN 110 အနက်ရောင် ဆိုင်ကယ်တို့ အရှိန် မထိန်းနိုင်ဘဲ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိရာ ဖြိုးကျော်မှာ ဒဏ်ရာများရရှိ ခဲ့သဖြင့် ဆေးရုံသို့ ပို့အပ်စဉ် လမ်း၌သေဆုံး သွားခဲ့ပြီး မသန်းနုတွင် စိုးရိမ်ဖွယ်မရှိသော ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ဦးမြင့်ဆွေနှင့် ဖြိုးကျော် တို့(၂)ဦး အား နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(ညီညာ)
ဆိုင်ကယ်နောက်မှထိုင်စီးသူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
မြို့သစ်    သြဂုတ်     ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၇ ရက်နေ့ နံနက် (၁၁း၅၀)နာရီ အချိန်ခန့်က မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာ အနီး၊ တောင်တွင်းကြီး-မြို့သစ်ကားလမ်း မိုင်တိုင်အမှတ် (၁၃/၀)နှင့် (၁၃/၁) အကြားတွင် အမျိုးသမီး တစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရ သက်သေများ နှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက် စစ်ဆေးရာ နံနက် (၁၁)နာရီခွဲ အချိန်ခန့်က ၄င်းလမ်းအတိုင်း တောင်တွင်းကြီး မြို့နယ်ဘက်မှ မြို့သစ် မြို့နယ် ဘက်သို့ မြို့သစ်မြို့နယ်၊ ကျောင်းကုန်းရွာနေသူ အောင်မျိုးခန့် (၁၉)နှစ်သည် ၄၂ယ/xxxxx YUBAO 125 ဖြူနက်ကြား ဆိုင်ကယ်နောက်တွင် အစ်မ ဖြစ်သူ မသဲရွှေရည်နှင်း (ခ)သဲသဲ (၂၀)နှစ် အား တင်ဆောင်၍ အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မသဲရွှေရည်နှင်း (ခ)သဲသဲမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ အောင်မျိုးခန့် အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)
မော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဖွင့်လှစ်
ငဖဲ      သြဂုတ်     ၂၇
          မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ဖွင့်လှစ် သည့် မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို သြဂုတ် ၂၅ ရက်နေ့နံနက် ၉ နာရီက  ငဖဲမြို့နယ် ပေကုန်းကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
          သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းမှသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက် ပို့ချမည့်အစီ အစဉ်နှင့်စည်းကမ်းပိုင်းဆိုင်ရာတို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဆောင်မှ ကျေးရွာသူ ကျေးရွာသားများကိုယ်စား သင်တန်းဖွင့်လှစ်ပေးသည့် အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
          အဆိုပါသင်တန်းသို့ ပေကုန်းကျေးရွာမှ သင်တန်းသား(၁၀)ဦးတက်ရောက်ပြီး သင်တန်း ကာလမှာ သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိဖွင့်လှစ်၍ ဆိုင်ကယ်ပြု ပြင်ရေးကျွမ်းကျင်နှစ်ဦးမှသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့် ပညာရေးဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအတွက် လှူဒါန်းငွေများပေးအပ်
ပွင့်ဖြူ     သြဂုတ်     ၂၇
        မကွေးခရိုင်ပညာရေးမှူးရုံး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မကွေးခရိုင်အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံး(၆)ရုံးရှိ ပညာရေးဝန်ထမ်း မိသားစုများမှ သဘာဝဘေး အန္တရာယ်ကြောင့် ရေကြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သော ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပညာရေးဝန်ထမ်းများနှင့်ရေဘေး သင့်ကျောင်းသား ကျောင်း သူများအတွက် လှူဒါန်းပေးအပ်ခြင်းကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ရာ မကွေးခရိုင်ပညာရေးမှူး ဦးကျော်ကျော်ဦးမှ ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်သီတာထွန်းထံသို့ ငွေကျပ်(၁၀)သိန်းအားပေး အပ်လှူဒါန်းခဲ့သည်။
          ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့်ခဲ့သော ကျောင်းပေါင်း(၁၂၈)ကျောင်းတွင် အထက်တန်းကျောင်းသားကျောင်းသူ (၂၉၄၆)ဦး၊ အလယ်တန်းကျောင်းသား/သူ (၈၂၅၆) ဦး၊မူလ တန်းကျောင်းသားကျောင်းသူ(၁၁၉၈၅)ဦး၊စုစုပေါင်း(၂၃၁၈၇)ဦးရှိခဲ့ပြီး ရေဘေးသင့်ခဲ့သော ပညာရေးဝန်ထမ်းပေါင်း(၁၂၁၀)ဦးရှိကြောင်း သိရသည်။ ရေကြီးနစ်မြုပ်မှုတွင် ပျက်စီးသွားသော ကျောင်း (၅)ကျောင်းရှိခဲ့ရာ အမက မင်းမြေကွက်သစ်ကျောင်း၊အလကခွဲ ဆည်တော်ကျောင်း၊ အထကခွဲ ထနောင်းကုန်း၊ အမကမုန်းမြင့်တို့၏ကျောင်းများအား အဆောက်အဦးသစ်ဆောက် လုပ်ပေးနိုင်ရန်အတွက် ပညာရေးဦးစီးဌာနသို့တင်ပြဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)